Saturday, October 15, 2016

မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် စိုးရိမ်ကြောင်း OIC မှ ကြေညာချက်ထုတ်

RiA

စစ်တွေ၊ အောက်တိုဘာ ၁၅ ရက်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို စိုးရိမ်ပူပန်ကြောင်း အစ္စလမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က အောက်တိုဘာ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်သည်။


ကြေညာချက်တွင် အောက်တိုဘာ ၉ ရက်နေ့က မောင်တောဒေသတွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာ ရဲတပ်ဖွဲ့စခန်းများကို သောင်းကျန်းသူများက ၀င်ရောက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူရန် OIC က တောင်းဆိုထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နှင့် တ၀ိုက်တွင် ရိုဟင်ဂျာမွတ်ဆလင်များ ဥပဒေမဲ့ သတ်ဖြတ်ခံနေရပြီး သူတို့၏ အိုးအိမ်များ မီးရှို့ခံနေရသလို၊ အဓမ္မဖမ်းဆီးမှုများ ပေါ်ပေါက်နေသည့် သတင်းများကို ရရှိထားကြောင်းနှင့် သူတို့မှာ ကျေးရွာများမှ ထွက်ပြေးနေကြရပြီး အစာရေစာ အခက်အခဲ ရောက်နေရကြောင်း OIC ၏ ကြေညာချက်တွင် ပါရှိသည်။

OIC အတွင်းရေးမှူးချူပ် Madani က ယခု ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်သူများ အားလုံးက အကြမ်းဖက်မှုများကို ရှောင်ကျဉ်ပြီး စိတ်ရှည်သည်းခံကြရန်နှင့် မြန်မာအစိုးရအနေနှင့် ဒေသရှိ ရိုဟင်ဂျာများကို အပြည့်အ၀ အကာအကွယ်ပေးရန်၊ တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပြဿနာကို အဖြေရှာရန် စသည့်တို့ကို တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။

-------
သတင်းဖော်ပြပါ အကြောင်းအရာများသည် OIC ၏  ကြေညာချက်ပါအတိုင်း ရေးသားခြင်းသာ ဖြစ်ကြောင်း စာဖတ်ပရိသတ်များကို သိစေလိုပါသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top