Tuesday, October 11, 2016

စိုးရိမ်မှုမှသည် ပဋိပက္ခများ မဖြစ်ပေါ်လာစေရန် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ဟု ဦးဖေမြင့် ဆို

မင်းမျိုးနွယ်/RiA

စစ်တွေ၊ အောက်တိုဘာ ၁၁ ရက်။ လက်ရှိ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများအပေါ် ဒေသခံ ပြည်သူများအနေနှင့် စိုးရိမ်မှုမှသည် ပဋိပက္ခများ မဖြစ်ပေါ်စေရေး အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။


“ အခုဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေရဲ့စိုးရိမ်နေမှုတွေကို ခံစားနားလည်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပိုပြီးတော့ စိုးရိမ်ခံစား နားလည်ပြီးတော့ ပြည်သူတွေရဲ့လုံခြုံရေးကို အထူး အလေးပေးပြီးတော့ ဆောင်ရွက်နေပါတယ်။ တပ်မတော်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်လျှက် ရှိပါတယ်။ စိုးရိမ်မှုတွေ မလွန်ကဲကြဖို့နဲ့ စိုးရိမ်မှုတွေကို အခြေခံပြီးတော့ ပဋိပက္ခတွေဖြစ်မလာအောင် အတွက်လည်း အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်။”

ပြည်ထောင်စု ၀န်ကြီးများအဖွဲ့သည် ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး လတ်တလော မောင်တောအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top