Tuesday, October 11, 2016

ရခိုင်တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်း


ခိုင်လင်းစံ/RiA

စစ်တွေ၊ အောက်တိုဘာ ၁၁ ရက်။  ရခိုင်ပြည်နယ် ဒေသအသီးသီးမှ တောင်သူလယ်သမားများ ပါဝင်သည့် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကို စက်တင်ဘာ ၂၅-၂၇ ရက်များက မြေပုံမြို့တွင် ပြုလုပ်ခဲ့သည့်  အစည်းအဝေးမှ ဖွဲ့စည်းခဲ့ပြီး သမဂ္ဂဗဟိုရုံးကို ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ စစ်တွေမြို့တွင် ဖွင့်လှစ်ခဲ့သည်။


ရခိုင်ပြည်နယ်အတွင်းရှိ မြေယာ သိမ်းဆည်းခံထားရသည့် တောင်သူများ၏  နစ်နာချက်များအား အကူအညီပေးနိုင်ရေးနှင့် သိမ်းဆည်းခံ မြေယာများအား ပြန်လည်လုပ်ကိုင် ပိုင်ဆိုင်ခွင့်ရရှိရေးတို့အတွက် လိုက်ပါဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမဂ္ဂ၏ မြောက်ဦးမြို့နယ် ကိုယ်စားပြု ကော်မတီဝင် ဦးကျော်ထွီးက ပြောသည်။

“ ကျွန်တော်တို့ရဲ့ အဓိက ရပ်တည်ချက်ကတော့ တောင်သူ လယ်သမား အကျိုးစီးပွားကို သမဂ္ဂအနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဥပဒေမဲ့ လယ်ယာမြေသိမ်းဆည်းတဲ့ ကိစ္စရပ်တွေ မဖြစ်အောင် ကာကွယ်သွားမယ်။ နောက်တစ်ခုက လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်တွေကို ချမှတ်ထားပါတယ်။”

သမဂ္ဂ ဗဟိုကော်မတီကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ တစ်မြို့လျှင် ကိုယ်စားပြု ၂ ဦးဖြင့် ကော်မတီဝင် ၃၄ ဦးနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
--
သတင်းဓာတ်ပုံ - ခိုင်းလင်းစံ/RiA

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top