စစ်တွေ၊ စက်တင်ဘာ ၂၂ ရက်။ အမျိုးသမီးများ အကြမ်းဖက်ခံနေရမှု ပပျောက်ရေး လမ်းလျှောက် စီတန်းမှု တစ်ခုကို ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ရခိုင်အမျိုးသမီးအစည်းအရုံး RWU က ဦးဆောင် ပြုလုပ်ခဲ့သည်။
လမ်းလျှောက်ချီတက်မှုတွင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ အမျိုးသမီး အင်အား ၅၀၀ ခန့် ပါဝင်ပြီး ၊ မယ်သီလရှင်များပါ ပါဝင် တက်ရောက်ခဲ့ကြသည်။
“ စီတန်းလမ်းလျှောက်ရတာက ကျွန်မတို့ လှုပ်ရှား မှုတွေ၊ ဆော်သြမှုတွေ၊ တိုက်တွန်းနှိုးဆော် ချက်တွေကို အများပြည် သူမြင်နိုင်အောင် အတွက် ပြုလုပ်တာဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဦးစားပေးပြီးတော့ စီစဉ်တာက အမျိုးသမီးတွေရဲ့ စုစည်း ညီညွတ်မှုတွေကို ဖော်ဆောင် တာလည်းဖြစ်ပါတယ်။ တိုင်းပြည် တစ်ပြည်ရဲ့ငြိမ်းချမ်းမှုတွေကို ဖော်ဆောင်တဲ့ အခါမှာ ပြည်ထောင်စု အဆင့်ကနေ ကျေးရွာအဆင့်ထိကို အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ဦးဆောင်မှုအပိုင်းတွေမှာ ပါလာနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ အပိုင်းကိုလည်း ပြည်သူတွေ သိနုင်ဖို့အတွက် အခုလိုမျိုးစီစဉ်ခဲ့တာဖြစ်ပါတယ်။ ” ဟု ရခိုင်အမျိုးသမီး အစည်း အရုံး ဒုတိယ ဥက္ကဌဖြစ်သူ စောစံငြိမ်းသူကပြောသည်။
ရခိုင်ပြည်နယ်သည် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေ လုံခြုံရေး၊ အမျိုးသမီးများ ဘဝမလုံခြုံမှုများ၊ သက်ငယ်မုဒိန်းမှုများနှင့် ရင်ဆိုင်နေကြရသည့် အချိန်လည်းဖြစ်ရာ ရခိုင်အမျိုးသမီး အစည်းအရုံးအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ကြုံတွေ့နေကြရသည့် အမျိုးသမီးများ၏ အခက်အခဲများကိုလည်း လိုက်လံ အကူအညီပေးဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး တစ်ခုလည်းဖြစ်သည်။
“ပြည်ထောင်စုအဆင့်ကိုပဲကြည့်ပါ။
အခုအချိန်ထိအမျိုးသမီးဦးရေဟာ လက်ချိုးရေတွက်နိုင်တဲ့ အနေအထားပဲ
ရှိနေပါသေးတယ်။ အောက်ခြေ အဆင့်မှာဆိုရင်တော ပြောစရာ မလိုတော့ဘူး။
ဒါကြောင့်မို့လို့ အခုလိုမျိုး အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုဟာ အများကြီး
အားနည်းနေသေးတယ်ဆိုရင် ကျွန်မတို့ လိုလားနေတဲ့ ဒီမိုကရေစီနဲ့
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ငြိမ်းချမ်းရေးဟာ
အလှမ်းဝေးနေ ဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို သက်ဆိုင်ရာအစိုးရနဲ့
အားလုံးသော အစုအဖွဲ့တွေက အမျိုးသမီးတွေရဲ့ ဦးဆောင်မှုတွေ ကို
အဆင့်ဆင့်တိုင်းမှာ ပါလာနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို အလေးထား
စဉ်းစားဖို့အတွက် အခုလိုမျိုး တိုက်တွန်းနိုးဆော် ဖော်ထုတ်
သွားမှာဖြစ်ပါတယ်။” ဟု စောစံငြိမ်းသူက ပြောသည်။
ရခိုင်အမျိုးသမီးအစည်းအရုံးအနြေ ဖင့်
ပြည်ထောင်စု အဆင့်မှ အောက်ခြေ အဆင့်ဆင့်သို့ အထိ နိုင်ငံရေးပါတီများ၊
အဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်
နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီများ၏ အခြေအနေများကို ဖော်ပြထားသည့် လက်ကမ်း စာစောင်များကိုလည်း အခမ်းအနားတွင်ဖြန့်ချီခဲ့သည်။
ရခိုင်အမျိုးသမီးအစည်းအရုံးအနြေ
--
သတင်းဓာတ်ပုံ - မင်းမျိုးနွယ်/RiA
0 comments:
Post a Comment