စစ်တွေ၊ စက်တင်ဘာ ၂၀ ရက်။ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံနေရသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP/ALA သတင်းနှင့်ပြန်ကြားရေး ဒုတိယ ဥက္ကဌ ခိုင်မျိုးထွန်းကို ရုံးတင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ဒေသခံများအနေနှင့် ခွင့်ပြုချက်မဲ့ စုဝေးခြင်း၊ ကြွေးကြော် သံများဖြင့် တောင်းဆိုမှုတို့ ပြုလုပ်နေမှုတို့ ရှိနေပြီး ၎င်းအပြုအမူတို့ ဆက်လက်ဆောင်ရွက်မည်ဆိုပါက ဥပဒေအရ ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA
နှင့် တပ်မတော်ကြား တိုက်ပွဲများတွင် ပေါ်တာ ဆွဲခြင်း၊ ဒေသခံများကို
နှိပ်စက်ခြင်းနှင့် လူ့အခွင့်ရေး ချိုးဖောက်မှုများအပြင် စစ်ရာဇ၀တ်မှုများကို
တပ်မတော်မှ ကျူးလွန်ခဲ့ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ဧပြီ ၂၄
ရက်နေ့တွင် ကြေညာခဲ့ပြီး တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို
ကျဆင်းစေကြောင်း စွပ်စွဲချက်နှင့် ဇူလိုင် ၂၅ ရက်တွင် ခိုင်မျိုးထွန်းကို
ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ခိုင်မျိုးထွန်းကို ရုံးတင်စစ်ဆေးမှုပြုလုပ်လျက်ရှိရာ ရခိုင်မြောက်ပိုင်း ဒေသခံများက စစ်တွေမြို့နယ် တရားရုံးသို့ လာရောက် ကြားနာခြင်း၊ ခိုင်မျိုးထွန်းလွတ်မြောက်ရေးတွက် ဆန္ဒဖော်ထုတ်ခြင်းများ၊ ထောင်နှင့်ချီသော လူစုလူဝေးများက တရားခွင်အနီးတွင် အော်ဟစ်တောင်းဆိုမှုများ ပြုလုပ်နေပြီး ဥပဒေကို ဆန့်ကျင်သော လုပ်ရပ်များပါ ကျူးလွန်လာကြသဖြင့် ထပ်မံ စုဝေးမှုများကို ရပ်တန့်ရန် ပြည်နယ်ရဲတပ်ဖွဲ့က သတိပေးခြင်း ဖြစ်ကြောင်း ဒု-ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးခင်ကျော်က ပြောသည်။
“ရုံးထုတ်တဲ့အခါမှာ
တရားရုံးရဲ့အနီးပါတ်ဝန်းကျင်မှာ စုရုံးခဲ့ကြပါတယ်။ အဲဒီမှာ သံဃာတော်တွေရော
အရပ်သားတွေရော လာရောက်တာကို ကျွန်တော်တို့မှာ မှတ်တမ်းမှတ်ရာတွေရှိပါတယ်။
လာရောက်တဲ့ သူတွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာနေတဲ့ အတွက်မို့လို့
ကျွန်တော်တို့အနေနဲ့ အရေးယူဆောင်ရွက်လို့ရတဲ့ အခြေအနေတွေ၊
အရေးယူဆောင်ရွက်လို့ရတဲ့ အနေအထားတွေကို တွေ့လာရပါတယ်။ လက်ရှိ အခြေအနေတွေကို
နားမလည်သေးတာဖြစ်တဲ့ အတွက်ကြောင့် နားလည်အောင် အောက်ခြေမှာတော့
ရှင်းပြတယ်။ လူတိုင်းက မသိရှိနိုင်တဲ့ အတွက်ကြောင့်မို့လို့
ရှင်းပြရခြင်းပဲဖြစ်ပါတယ်။ ငြိမ်းစုစီဥပဒေအရ တင်ပြရပါမယ်။ တင်ပြထားခြင်း
မရှိဘူးဆိုရင် ပုဒ်မ ၁၈ အရ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်ရမှာဖြစ်ပါတယ်။”ငြိမ်းစုစီ ဥပဒေအရ ခွင့်ပြုချက်ဖြင့် စုဝေးရာတွင်လည်း ခွင့်ပြုချက်တွင် ပါဝင်သော အချက်များကို ကျော်လွန် ခဲ့ပါက ဥပဒေပုဒ်မ ၁၉ အရ အရေးယူသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က သတင်း မီဒီယာများကို ပြောကြားခဲ့သည်။
ယနေ့
ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊
မြို့မိမြို့ဖများ၊ သံဃာတော်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ဝင် နယ်/လုံဝန်ကြီး၊ ရခိုင်ပြည်နယ် ဥပဒေချုပ်၊
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ရင်းနှင့် ကွပ်ကဲရေးမှူး
ဗိုလ်မှူးချုပ်သူရစန်းလွင်၊ ရခိုင်ပြည်နယ် ဒု-ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်
တရားလွှတ်တော် တရားသူကြီးနှင့် တရားလွှတ်တော် ဥပဒေချုပ်တို့က
တက်ရောက်ခဲ့ကြသည်။
--
သတင်းဓာတ်ပုံ - CJ


0 comments:
Post a Comment