မိုးအောင်/RiA
စစ်တွေ၊
စက်တင်ဘာ ၁၀ ရက်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ
ပုဏ္ဏားကျွန်း စက်မှုဇုန် မြေနေရာနှင့် ဦးရစ်တောင်စေတီ တည်ရှိရာ ကင်းချောင်း
တစ်ဘက်ကမ်းသို့ ပေ ၃၀၀ အရှည်ရှိ သံကူ ကွန်ကရစ် တံတားအဖြစ် တည်ဆောက်ရန်
အခက်ခဲများရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းဝေးနေ့တွင် ပြောဆိုလိုက်သည်။
“အသေးစိတ် ကွင်းဆင်းပြီးကြည့်တော့ နည်းပညာ ကျွမ်းကျင်သည့် အင်ဂျင်နီယာ များမှ
Structure Design တွက်ချက်ရေးဆွဲရန် လိုအပ်မှာဖြစ်ပါတယ်၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မှ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး
ဦးစီးဌာန အနေနဲ့လည်း တံတား တည်ဆောက်ရန် အတွက် တံတား အထူးအဖွဲ့နှင့်
အထောက် အကူပြု ပစ္စည်းများမရှိသဖြင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနနှင့်
ညှိနှိုင်းဆောင်ရွက် ရမှာဖြစ်ပါတယ်၊ လောလောဆယ်တော့ တည်ဆောက်ရန်
အစီစဉ်မရှိသေးပါ"
အဆင့်မြင့် ကွန်ကရစ် တံတားထိုးရန် လိုအပ်နေသာ ကင်းချောင်း တစ်ဘက်ကမ်းသည် ကျေးရွာ
၁၆ ရွာ၊ လူဦးရေ ၁၂၇၂၆ ဦးရှိပြီး လက်ရှိ ဦးရစ်တောင်ကြိုး တံတားပေါ်တွင်သာ
အမြဲတမ်းဖြတ်သန်း သွားနေရသဖြင့် သက်တမ်း ၂၅ နှစ် ခန့်ရှိပြီးဖြစ်သည့် တံတား
ပျက်ကျပါက ပြည်သူများ၏ အသက် အန္တရာယ်ကို စိုးရိမ်ရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဦးထွန်းမောင် က ဆိုသည်။
“တံတားက
ကြိုးတံတားဖြစ်ပြီး ဆိုင်ကယ်တွေ၊ ကားတွေလည်း သွားလာလို့ မရပါဘူး။
ကမ္ဘာလှည့် ခရီးသည်၊ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဘုရားဖူးပြည်သူတွေ
မြို့သူမြို့သားများပါ ကြိုး တံတားကို ဖြတ်ကျော်ပြီးမှ ဘုရားဖူးရတယ်၊
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအတွက် အမြဲ သွားလာနေကြရတာပါ။
ကွန်ကရစ်သစ် တံတားတစ်စင်း ရသွားရင်တော့ ဒေသခံ ပြည်သူတွေ အဆင်ပြေကြမှာပါ။"
ပုဏ္ဏားကျွန်းမြို့နယ်
နှင့် ကင်းချောင်း တစ်ဘက်ကမ်းရှိ ဦးရာဇ်တော် ဓာတ်စေတီတော်မြတ်အား
ဆက်သွယ်ထားသော သစ်သားကြိုး တံတားသည် ၁၉၉၄ ခုနှစ်မှ စတင်ပြီ့း ၁၉၉၆
ခုနှစ်အထိ ပြည်သူ လူထု ထည့်ဝင်ငွေ ကျပ် ၃.၈ သန်းဖြင့် ကိုယ်ထူ ကိုယ်ထ
ဆောင်ရွက်ခဲ့သော တံတားတစ်စင်းဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်
ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၂၅.၀ သန်းဖြင့် ဂစ္စဝရီကြိုင် ကုမ္ပဏီမှ
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သော်လည်း သာမန်
ခရီးသွားများအတွက် အဆင်ပြေပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ သုံးဘီး
ဆိုင်ကယ်များ၊ နှစ်ဘီးဆိုင်ကယ် များသွားလာ၍ မရကြောင်း သိရှိရသည်။
---
သတင်းဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်မင်္ဂလာစေတီတော်မြတ် ကြိုးတံတား (ဓာတ်ပုံ - CJ)
0 comments:
Post a Comment