စစ်တွေ၊ စက်တင်ဘာ ၁၇ ရက်။ ရေကြောင်းသွားလာရေး လမ်းခရီး တစ်ခုတည်းကိုသာ အဓိက အားထားရသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြို့အဝင် အုန်းချောင်း တိမ်ကောလာမှုကြောင့် ခရီးသွားလာ သူများမှာ ဒီရေ အတက်အကျနှင့်သာ သွားလာနိုင်ပြီး အချိန်မရွေးဝင်ထွက် သွားလာနိုင်ခြင်း မရှိခြင်းကြောင့် လမ်းပန်း ဆက်သွယ်မှုများ အခက်ခဲဖြစ်ပေါ် လျှက်ရှိကြောင်း သတင်းရရှိသည်။
“ရှပ်ပြေးယာဉ်များနှင့် မော်တော်စက်လှေများ အချိန်မရွေးမသွားနိုင်တော့ပါဘူး၊ ဒီရေအတက်ကို ၄ နာရီ ခန့် ပင်လယ်ဆိပ်တွင် စောင့်နေရတယ်၊ ဒီရေများတက်လာမှသာ သွားလာ၍ ရတာပါ၊ ပင်လယ်ဆိပ်မှာ ၄ နာရီ ခန့် စောင့်ရချိန်ဟာ အလွန်အန္တရာယ်များတဲ့ အချိန်ဖြစ်ပါတယ်၊၊ ဒီရေကျချိန် ချောင်းအဝကို ဝင်/ထွက် မသွားနိုင်သည်မှာ ၃ နှစ်ကျော်ပြီဖြစ်ပါပြီ၊ မာန်အောင်မှ ပြည်သူတွေဘေးအန္တရာယ် ကင်းစွာနှင့်
လက်ရှိ အခြေနေတွင် ရွှေပြည်တန်၊ မလိခစသည့် ရှပ်ပြေးအမြန် မော်တော်ယာဉ်များနှင့် ပုဂ္ဂလိက စက်လှေ၊ မော်တော်များကို အသုံးပြု သွားလာနေရသည်။
တောင်ကုတ်မြို့နယ်၊ မာန်အောင်ကို အမြန်ရှပ်ပြေးယာဉ်နှင့် သွားပါက ၃ နာရီခန့်ကြာပြီး စက်လှေ၊ မော်တော်နှင့်သွားပါက ၇ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။
ကျောက်ဖြူကို သွားပါက အုန်းချောင်းကို ဝင်/ထွက်ပြီးမှ သွားလာနေရသဖြင့် အုန်းချောင်းကို လှေ၊ သင်္ဘော အဝင်/အထွက် လွယ်စေရန် ၂၀၁၁ ခုနှစ်က အုန်းချောင်းဝကို နိုင်ငံတော်မှ သောင်တူးစက်များနှင့် တူးဖော်ပေးခဲ့သောကြောင့် ဒီရေ အတက်အကျကို စောင့်နေရန်မလိုဘဲ အချိန်မရွေး ဝင်/ထွက်နိုင်၍ ခရီးသွားလာရာတွင် အဆင်ပြေခဲ့သော်လည်း ယခုအခါ ချောင်းတိမ်ကောမှုမှာ မြင့်တက်လာသည်။
မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံတွင် ရမ်းဗြဲကျွန်းပြီးပါက ဒုတိယ အကြီးမားဆုံး ကျွန်းဖြစ်ပြီး ဘင်္ဂလားပင်လည်အော်ထဲတွင် တည်ရှိသည်။
---
သတင်းဓာတ်ပုံ - CJ
0 comments:
Post a Comment