Friday, August 5, 2016

IS အနေနဲ့ ဒေါ်စုအစား သူ့ကို သတ်ဖို့ လူငယ်တဦးဆို

အေဘီစီ ၊ သြဂုတ် ၅ ရက်

IS ​အစ္စလာမ်မစ်ရဲ့ ​ပစ်မှတ်ထဲမှာ ​ဒေါ်အောင်ဆန်းစုကြည် ​ပါဝင်တယ် ​ဆိုတဲ့ ​သတင်းနဲ့ ​ပတ်သက်ပြီး ​မြန်မာ ​မွတ်ဆလင်လူငယ် ​တစ်ဦးက ​ဒေါ်အောင်ဆန်းစုကြည်အစား ​သူ့ကိုသာ ​သတ်ပစ်လိုက်ဖို့ ​IS ​ကို ​ပြောဆိုထားပါတယ်။

အမည်မသိရတဲ့ ​မြန်မာ ​မွတ်ဆလင် ​တစ်ဦးက ​အင်္ဂလိပ်လို ​ISIS, ​Kill ​me ​instead ​of ​Su! ​ဒေါ်အောင်ဆန်းစုကြည်အစား ​ကျနော့်ကိုသာ ​သတ်ပါ ​လို့ ​ရေးသားထားတဲ့ ​စာသားကို ​ကိုင်ပြီး ​ဓာတ်ပုံ ​ရိုက်ခဲ့တာကို ​ဖေ့စ်ဘွတ်တွေမှာ ​တွေ့ရတာ ​ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ ​ရဲစခန်းတစ်ခုမှာ ​ISIS ​ရဲ့ ​ခြိမ်းခြောက်စာ ​ဆိုတဲ့ ​စာမျက်နှာ ​၂ ​မျက်နှာပါတဲ့ ​စာကို ​ရရှိတာဖြစ်ပြီး ​IS ​က ​ပစ်မှတ်ထားတဲ့ ​လူတွေထဲမှာ ​နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ​မလေးရှားဝန်ကြီးချုပ်နဲ့ ​တခြား ​မလေးရှား ​ထိပ်သီးအရာရှိတွေ ​ပါဝင်ပါတယ်။

မလေးရှား ​အစိုးရကတော့ ​မလေးရှားနိုင်ငံ ​Negeri ​Sembilan ​မှာ ​IS ​အဖွဲ့ဝင် ​အယောက် ​၇၀၀ ​ရှိတယ်ဆိုတာကို ​ငြင်းဆိုလိုက်သလို ​IS ​ရဲ့ ​ခြိမ်းခြောက်မှုကိုလည်း ​ပယ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ​အဲလို ​ခြိမ်းခြောက်မှုကို ​စုံစမ်းနေသလို ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​လုံခြုံရေးကို ​တိုးချဲ့မယ်လို့ ​တုန့်ပြန်ထားပြီ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​မွတ်ဆလင်ခေါင်းဆောင်တွေကို ​သတင်းဌာန ​တစ်ခုက ​ဆက်သွယ်ရာမှာတော့ ​အကြမ်းဖက်မှုတွေ ​လုပ်တဲ့ ​IS ​ကို ​မထောက်ခံကြောင်း၊ ​ဒေါ်အောင်ဆန်းစုကြည်ကို ​မြန်မာမွတ်ဆလင်တွေ ​ချစ်ကြတဲ့အကြောင်း ​တုန့်ပြန်ခဲ့ကြပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top