Friday, August 5, 2016

AA နှင့် မဟာမိတ်များ လက်နက်မစွန့်ဘဲ ဆွေးနွေးပွဲ တက်ခွင့်ရမည်

RiA ၊ သြဂုတ် ၅ ရက်

ရက္ခိုင့်တပ်မတော် AA အပါအ၀င် မဟာမိတ်များ ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့အနေနှင့် လက်နက် စွန့်စရာမလိုဘဲ ဆွေးနွေးပွဲကို တက်ရောက်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် ကိုယ်စားပြု ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်သူ ဦးခင်ဇော်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

"အဲဒီသုံးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်နက် စွန့်ဖို့လိုတယ်လို့ တပ်မတော်ဘက်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် ခုတော့ ဒီသုံးဖွဲ့က ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုတာ ပြသခဲ့တဲ့အတွက် လက်နက် အရင်စွန့်ဖို့ တောင်းဆိုချက်ကို ဖြေလျော့ပေး လိုက်တာ ဖြစ်ပါတယ်" ဟု သတင်းစာက ဖော်ပြသည်။

ယင်းအပြင် တပ်မတော်ဘက်၏ တောင်းဆိုချက်ဖြစ်သော လက်နက်စွန့်ပြီးမှ ဆွေးနွေးခွင့်ရရေးမှာ AA နှင့် မဟာမိတ်သုံးဖွဲ့အတွက် လက်ခံဖို့ ခက်ခဲနေခဲ့ပြီး ယခုအချိန်တွင် နိုင်ငံရေးအရ လက်နက်စွန့်လိုသည့် ဆန္ဒရှိသည်ဆိုသော ကြေညာချက် ထုတ်ပြန်မှုများကို တပ်မတော်ဘက်မှ လိုလားကြောင်း၊ လက်နက်စွန့် သည်ဟု အဓိပ္ပာယ်မျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးစိတ်ဆန္ဒကိုသာ ပြသဖို့အတွက် ဖြစ်ကြောင်းနှင့် တပ်မတော်ဘက်မှ အားလုံးကိုပါဝင်စေလိုသည့် ဆန္ဒဖြင့် ဖြေလျော့ခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မကြာမီတွင် ဦးခင်ဇော်ဦးနှင့် ၎င်း သုံးဖွဲ့ တွေ့ဆုံမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top