စစ်တွေ။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးနေကြရသည့် စစ်ရှောင် ၄၀၀ ခန့်မှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေသည်။
စစ်ရှောင်များမှာ ကျောက်တော်မြို့နယ်၊ ငစင်းရိုင်းကိုင်းကျေးရွာရှိ ယိုးချောင်းဖျားတွင် ခိုလှုံနေကြခြင်း ဖြစ်ပြီး မြိုတိုင်းရင်းသား ၃၀၀ ကျော်နှင့် ရခိုင်တိုင်းရင်းသား ၁၀၀ ခန့်ရှိသည်။
“ပြည်နယ်အစိုးရက စစ်ဘေးရှောင် အိမ်ထောင်တွေကို ထောက်ပံ့ကြေး ၂ သိန်းရပြီး ကတည်းက အစိုးရဆီက နောက်ထပ် ကူညီတာတော့ မရှိသေးပါဘူး၊ လူမှုရေးအဖွဲ့အစည်းတွေ ဆီကလည်း ကယ်ဆယ်ရေး မလာတာ ၁ လာကျော်ကြာပါပြီ၊ ဒီလိုပဲ ရွာအနီးမှာ ရှိတဲ့ ဟင်းတွေခူးပြီး လာဝယ်တဲ့သူတွေကိုရောင်းရင်း ရှာစားနေကြရတယ်” ဟု ငစရိုင်းကိုင်ကျေးရွာက တာဝန်ကျ မူလတန်း ကျောင်းအုပ် ဦးမောင်ကြီးက ပြောသည်။
![]() |
| ကျောက်တော်မြို့နယ်မှ ရခိုင်စစ်ရှောင်များ (ဓာတ်ပုံ - မိုးအောင်/RiA) |
စစ်ဘေးရှောင်အများစုများမှာ တောင်ယာလုပ်ငန်းကို အခြေခံပြီး လုပ်ကိုင်စားသောက်သူများ ဖြစ်ပြီး စစ်ပွဲများ မရှိတော့သော်လည်း တောထဲသို့ ဝင်ရောက်ပါက စစ်ကြောင်းများနှင့် တိုးမိမည်စိုး၍တကြောင်း၊ မြေမြုပ်မှိုင်းအန္တရာယ်စိုးရိမ်မိ၍တကြောင်း စသဖြင့် မသွားရောက်လိုကြောင်း သိရသည်။
“ လက်ရှိတော့ စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးအဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကြားသိရပါတယ်၊ ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး မနက်ဖြန် ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံပါမယ်၊ အဆင်မပြေဘူးဆိုရင် လွှတ်တော်မှာ ပြန်ပြီး စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ ပြန်လည်တောင်းဆိုပါမယ် “ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က က ပြောသည်။
![]() |
| ကျောက်တော်မြို့နယ်မှ ရခိုင်စစ်ရှောင်များ (ဓာတ်ပုံ - မိုးအောင်/RiA) |
စစ်ဘေးရှောင်ဒုက္ခသည်များသည် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီတောင်၊ ရသေ့တောင်မြို့နယ်များတွင် ယာယီနေထိုင်ကြရပြီး စုစုပေါင်း၂၆၃၉ ဦးထိ ရှိနေကြောင်း ပြည်နယ်လွှတ်တော် မှတ်တမ်းများအရ သိရသည်။



0 comments:
Post a Comment