RiA ၊ သြဂုတ် ၃ ရက်
နေပြည်တော်။ ရခိုင်ပြည်နယ်ရှိ လမ်းပန်းဆက်သွယ်ရေး ဆောင်ရွက်ချက်များတွင် အသုံးပြုရန် ငွေကျပ်သန်း ၄၁၄၂.၈၉၂ သန်းကို ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် လျာထားကြောင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းဝင်းက သြဂုတ် ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန် အစည်းအဝေး၊ ဆဌမမြောက်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါပြောကြားမှုကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း၏ မေးမြန်းမှုတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ခွင့်ပြုရံပုံငွေကျပ် သန်း ၄၀၀၀ ကျော်ကို ကွန်ကရစ်လမ်း ၃ မိုင်၊ ၃ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၆ ဖာလုံ၊ ကျောက်ချောလမ်း ၂၁ မိုင် ၇ ဖာလုံ၊ မြေသားလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်တံတား ၂၇ စင်းနှင့် ရေပြွန် ၆၆ ခုတို့ကို ဆောင်ရွက်သွားရန် လျာထားချက်ရှိကြောင်းလည်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။
--
သတင်းဓာတ်ပုံ - (ရန်ကုန်-စစ်တွေ ကားလမ်းမြင်ကွင်းတနေရာ (ဓာတ်ပုံ - CJ))

0 comments:
Post a Comment