စစ်တွေ။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ချင်းလူမျိုးများ ပိုင်ဆိုင်သော ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ပိုင်ဟု ပြောဆိုခြင်းများကို လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ မပြုလုပ်ကြဖို့ ချင်းဒီမိုကရေစီအဖွဲ့ချူပ်မှ သြဂုတ်လ ၂ ရက်နေ့က ကြေညာချက် ထုတ်ခဲ့သည်။
ကြေညာချက်အရ - ပလက်ဝမြို့နယ်ရှိ နယ်မြေဒေသအားလုံးသည် အင်္ဂလိပ်လက်အောက်သို့ မကျရောက်မီအချိန်က ချင်းလူမျိုး အခြေချနေထိုင်ခဲ့ကြသလို၊ ၁၈၉၆ ခုနှစ် ချင်းတောင်တန်းဒေသ ဥပဒေအအရ သွယ်ဝှက် အုပ်ချူပ်ရေး စနစ်ဖြင့် အုပ်ချူပ်ခဲ့သည့် နယ်မြေဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ယင်းအပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၆ အရလည်း ပလက်ဝမြို့နယ် နယ်မြေဒေသ အားလုံးကို ချင်းဝိဒေသသတိုင်းအဖြစ် သတ်မှတ်ခဲ့ကြောင်းနှင့် ၁၉၇၄ ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၉ (ဃ) အရလည်း ပလက်ဝမြို့နယ်သည် မူလပိုင်ရှင် ချင်းအမျိုးသားများနေထိုင်ရာ ချင်းပြည်နယ်အတွင်း တည်ရှိသည့် မြို့နယ်အဖြစ် သတ်မှတ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

0 comments:
Post a Comment