RiA ၊ သြဂုတ် ၅ ရက်
နေပြည်တော်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၌ တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက်ပေးနိုင်ရေး ခွင့်ပြုမိန့်ရရှိနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့တွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်မဲဆန္ဒ နယ်အမှတ်(၃) မှ ဦးခင်မောင်လတ်၏ ''ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာ၌ တိုက်နယ်ဆေးရုံ တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ယင်းသို့ ဖြေကြားကြားခဲ့ခြင်း ဖြစ်သည်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အုပ်စုတွင် ကျေးရွာပေါင်း ၄၃ ရွာနှင့် လူဦးရေ ၃၅၀၀၀ ခန့် ရှိသည်။
ယင်းအပြင် ကျောက်တန်းကျေးရွာသည် ရသေ့တောင်မြို့နယ်တွင် ငှက်ဖျားရောဂါ အများဆုံး ဖြစ်ပွားသည့် နေရာဖြစ်သဖြင့်လည်း တိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ရရှိနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့သည်။
0 comments:
Post a Comment