Saturday, June 4, 2016

ဝန်ထမ်းအလိုရှိသည်

RiA/ဇွန်လ ၄ ရက်

ရခိုင်ပြည်နယ် အခြေစိုက် Root Investigative Agency (RiA) မှ ထုတ်ဝေမည့် The Root မဂ္ဂဇင်း နှင့် RiA Web TV တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ၀န်ထမ်းများကို အလိုရှိပါသည်။

၁။ အယ်ဒီတာ (ကျား/မ) - ၂ ဦး
၂။ ရုပ်သံ တည်းဖြတ် (ကျား/မ) - ၁ ဦး
၃။ သတင်းထောက် (ကျား/မ) - ၃ ဦး
၎။ Layout Designer (ကျား) - ၁ ဦး
၅။ စာရင်းကိုင် (မ) - ၁ ဦး
၆ ။ အလုပ်သင်သတင်းထောက် (ကျား/မ) - ၅ ဦး

အမှတ်စဉ် ၁ ကို လျှောက်ထားလိုသူများသည် အယ်ဒီတာလုပ်သက် အနည်းဆုံး ၂ နှစ်ထက် မနည်းရှိသူ ဖြစ်ရမည်။ အသက် ၂၆ နှစ်နှင့် အထက်ဖြစ်ပြီး ၄၀ ထက် ကျော်လွန်သူ မဖြစ်ရ။

အမှတ်စဉ် ၂ ကို လျှောက်ထားလိုသူသည် Adobe Premier နှင့် Adobe After Effect ကို ကောင်းမွန်စွာ အသုံးပြုတတ်သူဖြစ်ရမည်အပြင် Adobe Master Collection ပါ ဆော့ဝဲများကိုလည်း နှံ့စပ်သူဖြစ်ရမည်။

အမှတ်စဉ် ၃ ကို လျှောက်ထားလိုသူသည် သတင်းထောက်လုပ်သက် အနည်းဆုံး ၁ နှစ်ခန့် ရှိသူ ဖြစ်ရမည်။ အသက် ၂၀ နှင့်အထက်ဖြစ်ပြီး ၃၀ ထက် ကျော်လွန်သူ မဖြစ်ရ။

အမှတ်စဉ် ၄ ကို လျှောက်ထားလိုသူသည် Microsoft နှင့် Adobe photoshop, Adobe InDesign, Adobe Illustrator တို့ကို ကောင်းမွန်စွာ အသုံးပြုတတ်သူဖြစ်ရမည်။ အသက် ၁၈ နှင့် အထက်ဖြစ်ပြီး ၃၀ ထက် မကျော်လွန်သူ ဖြစ်ရမည်။

အမှတ်စဉ် ၅ ကို လျှောက်ထားလိုသူသည် စာရင်းကိုင်အတတ်ပညာကို ကောင်းမွန်စွာ နားလည်ထားသူ ဖြစ်ရမည်။ လုပ်သက် အနည်းဆုံး ၂ နှစ်နှင့် အထက်ဖြစ်ရမည်။ အသက် ၂၀ မှ ၃၀ ကြား ဖြစ်ရမည်။

အမှတ်စဉ် ၆ ကို လျှောက်ထားလိုသူများသည် သတင်းထောက် အတတ်ပညာကို စိတ်ဝင်စားသူ ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြားတွင် ရှိရမည်။

RiA ၏ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူများ အားလုံးသည် အသားအရောင်၊ လူမျိုး၊ ဘာသာ ခွဲခြားသူများ မဖြစ်ရ။ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းလိုခြင်းထက် အမှန်တကယ် သတင်းပညာရပ်ဖြင့် အသက်မွေးကြောင်းပြုလိုသူ ဖြစ်ရမည်။ အဖွဲ့လိုက် ဆောင်ရွက်ခြင်း စိတ်ဓာတ်ရှိရမည်။ RiA သတင်းခန်း၏ ကြီးမားသော စိန်ခေါ်မှုများကို မရှောင်လွဲပဲ ကြိုးစားအောင်မြင်လိုစိတ် ပြင်းပြသူ ဖြစ်ရမည်။

အထက်ဖော်ပြပါ အရည်အချင်းများနှင့် ကိုက်ညီပါက  မြန်မာနိုင်ငံသား မည်သူမဆိုသည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားလိုသူ၏ ကိုယ်ရေးအကျဉ်း၊ အလုပ်သမား မှတ်ပုံတင်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ လျှောက်ထားသူ၏ မျှော်မှန်းလစာများနှင့်အတူ အခြား လိုအပ်သော စာရွက်စာတမ်းများကို rootagency@gmail.com သို့ ပေးပို့နိုင်ပါသည်။

လိုအပ်သော စုံစမ်းမေးမြန်းမှုများကို ၀၉၇၈၆၆၀၉၆၉၅ ၊ ၀၉၄၅၀၈၆၅၁၈၀ တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို RiA ၏ အင်တာနက်စာမျက်နှာများဖြစ်သော www.rootagency.info နှင့် www.facebook.com/RootAgency တို့မှလည်း ၀န်ထမ်းခေါ်ယူမှုဆိုင်ရာနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့် ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top