Monday, May 2, 2016

ရခိုင်စစ်ပွဲရပ်ဖို့ အရေးတကြီးအဆိုတင်သွင်း (သတင်းတို)

ဇောင်းခ/RiA ၊ မေ ၂ ရက်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံး ရပ်စဲပေးဖို့ ယနေ့ မေလ ၂ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၊ စစ်တွေမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဝေစိန်အောင်က အရေးကြီးအဆို တင်သွင်းခဲ့သည်။


ဦးဝေစိန်အောင်၏ စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချူပ် ကျော်ကျော်စိုးက ပြန်လည် ဆွေးနွေးရာတွင်" အရေးကြီးအဆိုတွင်ပါရှိသည့် AA တပ်မတော် ဆိုသည့် အသုံးအနှုန်းကို ကန့်ကွက်ကြောင်းနှင့် ယင်းအစား AA လက်နက်ကိုင်ဟု ပြောင်းလဲခေါ်ဝေါ်ရန်၊ AA လက်နက်ကိုင်အနေဖြင့် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားသည်ကို ပြည်သူတရပ်လုံးကို တိုင်တည်၍ ပြောကြားနိုင်ကြောင်း" ဆွေးနွေးခဲ့သည်။

ရခိုင်စစ်ပွဲများ ရပ်တန့်နိုင်စေရေးနှင့် ပတ်သက်ပြီး ယမန်နေ့ မေ ၁ ရက်နေ့က စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၊ ရန်ကုန်အပါအ၀င် မြို့နယ် ၉ ခုက တပြိုင်နက်တည်း လူထုဆန္ဒသဘောထားကို တောင်းဆိုခဲ့ကြပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်အမျိုးသားကွန်ရက်နှင့် ရခိုင် အရပ်ဖက်အဖွဲ့အစည်းများက စစ်ပွဲများရပ်ဖို့ သဘောထားကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top