Tuesday, April 26, 2016

မြောက်ဦးဟိုတယ် ငှားရမ်းလုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူ

ကိုဇိုင်း/RiA ၊ ဧပြီ ၂၆ ရက်

ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းမှာ တည်ရှိတဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနပိုင်  မြောက်ဦးဟိုတယ်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဧပြီ ၂၅ ရက်နေ့က  အိတ်ဖွင့် တင်ဒါ ခေါ်ယူထားတယ်လို့ သိရှိရပါတယ်။


မြောက်ဦးမြို့ရှိ မြောက်ဦးဟိုတယ်မှာ မြေ ၅ ဒသမ ၅၄ ဧကရှိပြီး အခန်း ၂၄ ခန်းပါဝင်ပြီး အထင်ကရ ပုထိုးတော်တည်ရှိတဲ့ သျှစ်သောင်း၊ ထုက္ကသိန် ပုထိုးတွေကို သွားတဲ့လမ်းအနီးမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။

တင်ဒါစည်းကမ်းချက် အသေးစိတ်ကို အဆိုပါ ၀န်ကြီးဌာနရုံးတွင် မေလ ၅ ရက် နံနက် ၁၀ နာရီ၌ အသေးစိတ် ရှင်းလင်းပြောကြားမှာဖြစ်ပြီး  တင်ဒါတင်သွင်းမည့်သူ ကိုယ်တိုင် သို့မဟုတ် ဒါရိုက်တာ အဖွဲ့ဝင်သာ တက်ရောက်ခွင့် ပြုထားပါတယ်။

တင်ဒါ စည်းကမ်းများ လိုက်နာနိုင်သူများ၏ အဆိုပြုလွှာများကို မေ ၆ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ လက်ခံသွားမည်ဖြစ်ကာ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် လူတွေ့မေးမြန်းခြင်းများ ဆောင်ရွက်မှာ ဖြဖစ်တယ်လို့လည်း သိရပါတယ်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပိုင်အနေနဲ့ တင်ဒါခေါ်ယူတဲ့ ဟိုတယ်တွေအထဲမှာ မြောက်ဦးဟိုတယ်အပါအဝင်၊ ပြင်ဦးလွင်မြို့ရှိ ဟော်တည်များပါ ပါဝင်ပြီး တင်ဒါ ခေါ်ယူမှာဖြစ်ပါတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top