မင်းမျိုးနွယ်/ RiA ဧပြီ ၃၀ ရက်
ပြီးခဲ့သည့် ၂၀၁၅ နှစ် ဧပြီလမှ စတင် ဖြစ်ပွားခဲ့သည့် AA နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ တိမ်းရှောင်နေကြရသည့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ အခက်အခဲများကို အပစ်ရပ်လိုက်ရုံမျှနှင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အလုပ်အမှုဆောင်ကော်မတီဝင် ဦးရွှေဘော်စိန်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ၂၀၁၅ နှစ် ဧပြီလမှ စတင် ဖြစ်ပွားခဲ့သည့် AA နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ တိမ်းရှောင်နေကြရသည့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ အခက်အခဲများကို အပစ်ရပ်လိုက်ရုံမျှနှင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အလုပ်အမှုဆောင်ကော်မတီဝင် ဦးရွှေဘော်စိန်က ပြောကြားလိုက်သည်။
“ရခိုင်ဒေသတွင်း ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ နေရာတွေဟာ ကျွန်တော်တို့ ခမီအပါအဝင် တိုင်းရင်းသားတွေ အဓိကနေထိုင်တဲ့ နယ်မြေဒေသဖြစ်နေတယ်။ ကျွန်တော်တို့က တောင်ယာလုပ်ငန်းကို အခြေခံပြီး လုပ်ကိုင်တဲ့သူတွေဖြစ်ပါတယ်။ အခုအချိန်ဟာ ခုတ်ထွင်ထားတဲ့ တောင်ယာတွေကို ကောက်စိုက်ရမယ့် အချိန်ဖြစ်နေပြီ။ ရခိုင်အပါအဝင် တိုင်းရင်းသားတွေဟာ အလုပ်အကိုင်နဲ့ နယ်မြေတွေကို စွန့်ခွာပြီးတော့ ဝေးလံတဲ့ နေရာတွေကို ထွက်ပြေးနေကြရပါတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ချိန်တွေကို ဘေးဖယ်ထားရတဲ့အတွက် လစ်ဟင်းမှုတွေ ဖြစ်နေပါတယ်။ အဲဒီကိစ္စအပေါ်မှာ မြန်မာအစိုးရနဲ့ ရက္ခိုင့်တပ်မတော်တို့ကို တောင်းဆိုတာပဲဖြစ်ဖြစ်။ လိုလားတာပဲဖြစ်ဖြစ် တိုက်ပွဲတွေရပ်ပါလို့ ဆိုရုံလောက်နဲ့ မလုံလောက်နိုင်ပါဘူး။ ဒီတိုင်းရင်းသားတွေရဲ့ကြုံတွေ့လာရမယ့် အခက်အခဲဖြစ်တဲ့ ဝမ်းစာရေးအတွက်ကို ဖြေရှင်းနိုင်ဖို့အတွက် အဖြတစ်ခုကို တော့ရှာပေးသင့်ပါတယ်။”
ယခုနှစ် ဧပြီလအတွင်းကဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်မတော်နှင့် မြန်မာအစိုးရတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့်အတွက် ဝေးလံ ဒေသများတွင် နေထိုင်လျှက်ရှိကြသည့် ရခိုင်တိုင်းရင်းသားများမှာ ထွက်ပြေး တိမ်းရှောင်လျှက်ရှိကြရာ တိုက်ပွဲများ ရပ်နားသွားသည့်အချိန်အထိ ယင်းဒေသခံများမှာ နေရပ်သို့ မပြန်နိုင်ကြသေးသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၁၀၀ ဦးရေထိ ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းက ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိမ်ထောင်စု ၆၀ ခန့် နေရပ်ကို စွန့်ခွာခဲ့ရကာ ယခုချိန်ထိ အိမ်မပြန်နိုင်ကြသေးဟု သိရသည်။
ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်ထွက်ပြေးနေကြရသော ဒုက္ခသည်များကို နေရပ်သို့ အမြန်ဆုံးပြန်လည်နေရာချပေးထားနိုင်ရေးအတွက် ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ထည့်သွင်းပြောကြားခဲ့သော်လည်း လက်တွေ့တွင် စစ်ဘေးရှောင်အများစုက နေရပ်ပြန်ရန် ကြောက်လန့်မှုများ ရှိနေဆဲဖြစ်ကြောင်း ဦးရွှေဘော်စိန်က ဆက်လက် ပြောကြားခဲ့သည်။
“အခုထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရဲ့ လူဦးရေအားဖြင့်လည်း မနည်းပါဘူး။ သူတို့တွေရဲ့ စားဝတ်နေရေးကို ကျွန်တော်တို့အနေနဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ တာဝန်အရသွားပြီး ကူညီပေးကြပေမယ့် သူတို့ နေထိုင်တဲ့ဒေသတွေမှာ လုံလုံခြုံခြုံနဲ့ပြန်နေနိုင်ဖို့အတွက် လုပ်ပေးဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။"
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များ ရပ်စဲနိုင်ရေးအတွက် မြန်မာ့တပ်မတော်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့နှင့် AA ကို အလွတ်သဘောတွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း ရက္ခိုင့်တပ်မတော်ဘက်မှ အလွတ်သဘောတွေ့ဆုံမှု မပြုလုပ်လိုကြောင်း ငြင်းပယ်ခဲ့သည့်အပြင် ကရင်ပြည်နယ်အခြေစိုက် DKBA မှ ရက္ခိုင့်တပ်မတော်၏ စစ်ကူများလည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် တိုက်ပွဲများ ပြန်လည်မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
0 comments:
Post a Comment