ကိုဇိုင်း/RiA ၊ ဧပြီ ၂၀ ရက်
ဒီကနေ့ ဧပြီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်က ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင် ကျေးရွာအုပ်စု ချင်းမင်းပြင်ကျေးရွာမှာ အဖေဖြစ်သူက သမီးအရင်းကို ဓါးနဲ့ တစ်ချက် သတ်ဖြတ်ရာမှာ သေဆုံးသွားခဲ့တယ် လို့ ကျောက်ဖြူမြို့နယ် ရဲစခန်းက သိရှိရပါတယ်။
ဖြစ်ပွားခဲ့ပုံမှာ ဖခင်ဖြစ်သူ ဦးဘကျော(ဖ-ဦးပုဒေါင်း) အသက် (၇၀) မှ သမီးဖြစ်သူ ဒေါ်မကျော်အေး(၄၃) နှင့် ထမင်းအတူ စားသောက်နေကြတဲ့ အချိန်မှာ စီးပွားရေး ကိစ္စ စကားများကြရာ ဖခင်ဖြစ်သူကအနီးမှာ ရှိတဲ့ ဓါးမနဲ့ သမီးဖြစ်သူ မကျော်အေးကို ခုတ်လိုက်ရာ ဝဲလည်ဂုတ်မှာ အရှည် ၄ လက်မ အနက် ၂ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ အခင်းဖြစ်တဲ့နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရှိရပါတယ်။
အဆိုပါ ကိစ္စနဲ့ပါတ်သက်ပြီး ကျောက်ဖြူမြို့နယ် ရဲစခန်းကို ဆက်သွယ်ကြည့်ရာ ဖခင်ဖြစ်သူမှာ ထွက်ပြေး သွားပြီး သေဆုံးသူရဲ့သားဖြစ်သူနေလင်းထွန်း (၂၄နှစ်) (ဘ- ဦးချစ်ထွန်း)က စနဲမြို့နယ်၊ရဲကင်းသို့ လာရောက်အကြောင်းကြားခဲ့ရာ ကျောက်ဖြူမြို့နယ် ရဲစခန်းမှ (ပ) ၃၃၈/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားတယ်လို့ သိရှိရပါတယ်။
ထွက်ပြေး တိမ်းရှောင်သွားသည့် တရားခံကို ဖမ်းဆီးရရှိရေး အတွက် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးဒုရဲမှူး မိုးဇော်သူ၊စနဲရဲကင်းမှူး ရဲအုပ်ဝင်းလွင် အပါအဝင် တပ်ဖွဲ့ဝင်တွေနဲ့ တရားခံဖမ်းဆီးရရှိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

0 comments:
Post a Comment