ရန်ကုန်/RiA ၊ ဧပြီ ၁၉ ရက်
ချင်းပါတီသုံးခုပေါင်းစည်းရေး အတွက် ပေါင်းစည်းရေးကော်မတီ တစ်ရပ်ကို မေလအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ချင်းတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၁) ဦးရှိန်းထွန်းက ပြောကြားလိုက်သည်။
"ပါတီကို ဖျက်ပြီး ဘယ်လိုပေါင်းစည်းရေးမူဝါဒတွေ ချမှတ်မလဲ ဆိုတာတွေကို ကျနော်တို့ ညီလာခံမှာ ဆွေးနွေးသွားမှာပါ"
ချင်းတိုးတက်ရေးပါတီ၏ ပါတီညီလာခံကို ရန်ကုန်မြို့တွင် မေလအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ယင်းညီလာခံတွင် ချင်းလူထုဆန္ဒအရ ချင်းလူမျိုးများဖြင့် ဖွဲ့စည်းထားသည့် ပါတီသုံးခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ချင်းတိုးတက်ရေးပါ တီနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပေါင်းစည်းရေး ကိစ္စရပ်များကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပါတီ သုံးခု ပေါင်းစည်းရေးအတွက် ဆွေးနွေးမှုကို လေးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်ကာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 comments:
Post a Comment