Wednesday, March 2, 2016

မြေပုံမြို့နယ်၊ ငါးမန်းရိပ်ကျွန်း လယ်သမားများ ဆန္ဒဖော်ထုတ်

မြေပုံ/RiA ၊ မတ်လ ၂ ရက်

မြေပုံမြို့နယ်၊ ငါးမန်းရိပ်ကျွန်း တာတမံကို ဆည်မြောင်းဦးစီးဌာနက ဆည်ဖို့ရာတွင် လယ်မြေဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တာကြောင့် မူလပုံစံအတိုင်း ရရှိဖို့ မတ်လ ၂ ရက်နေ့က လယ်သမား ၃၀၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“ တာတမံကို ၅ ရွာစု၊ ၂ ရွာစု၊ ၁ ရွာစု အဲလိုမျိုး ပိုင်းဖြတ်ပြီး ဆည်မြောင်းဌာနက ခွဲလိုက်ပါတယ်။ ဒီတော့ ကျနော်တို့ လယ်မြေတွေ ဆုံးရှုံးမှု ဖြစ်ရပါတယ်။ ကျနော်တို့က လယ်မြေတွေနဲ့ သက်မွေးဝမ်းကြောင်းပြုနေတာပါ။ လယ်မရှိလို့ မဖြစ်ပါဘူး။ ဒါတွေကို ပြန်ရဖို့ တောင်းဆိုတာပါ။” လို့ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်တဲ့ ဒေသခံ လယ်သမား ဦးစိန်ထွန်းဦးက ပြောပါတယ်။

ငါးမန်းရိပ်ကျွန်း တာတမံတွင် လယ်မြေဧက ၁၃၀၀၀ ကျော်ရှိပြီး ပုစွန်မွေး ဧက ၂၀၀၀ ခန့် ရှိကာ ပုစွန်မွေးမြူသူများက တာတမံကို ဖောက်ပြီး ရေငံသွင်းချိန်တွင် မြေနိမ့်ပိုင်းတွင်ရှိတဲ့ လယ်မြေတွေ ပျက်စီးမှုတွေ ရှိနေတာကြောင့် ပုစွန်မွေးမြူရေးဇုန်နှင့် လယ်မြေဇုန် ခွဲရန် ဆည်မြောင်းဦးစီးဌာနက အကောင်ထည်ဖော်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top