Tuesday, March 1, 2016

ရခိုင်လယ်သမားများအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန်စီစဉ်



မြောက်​ဦး/RiA ၊ မတ်​လ ၁ ရက်

ရခိုင်တောင်သူ လယ်သမားများ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့နှင့် ဥပဒေ အထောက်အကူပြု ကွန်ရက် (မြောက်ဦး) တို့က ဦးစီးပြီး ဆောင်ရွက်နေကြောင်း သိရပါတယ်။


ပထမဦးဆုံးအနေနဲ့ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းတို့ရှိ လယ်သမားများကို အခြေပြုကာ အသိပညာပေး ဟောပြောမှုများကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ အဓိက ကတော့ လယ်သမားတွေနှင့် ပတ်သက်​တဲ့ လိုအပ်ချက်တွေရှိမယ်။ ပြီးလို့ရှိရင် ဒီလယ်သမားတွေနဲ့ပတ်သက်​တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ပေါ့နော် လောလောဆယ်တော့ အဲလောက်ပဲ အခြေခံထားပြီး စလုပ်ဖို့ပါ။ အဓိက ကတော့ တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ​တွေ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ်။ ” လို့ ဥပဒေအထောက်အကူပြု ကွန်ယက်မှ ဦးကျော်ထွီးက RiA ကို ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top