Tuesday, March 1, 2016

စစ်တွေကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည်များကို ရန်ကုန်သို့ ခိုးသွင်းလာသည့် ယဉ်မောင်းကို ဖမ်းဆီးရာတွင် ထွက်ပြေးလွတ်မြောက်

ရန်ကုန်/RiA ၊ မတ် ၁ ရက်

ရခိုင်ပြည်နယ်ရှိ အစ္စလမ်ဘာသာ ကိုးကွယ်သူများနေထိုင်တဲ့ ကယ်ဆယ်ရေးစခန်မှ ဒုက္ခသည်တွေကို အခကြေးငွေယူကာ၊ တရားမ၀င် မှတ်ပုံတင် အတုပြုလုပ်ပြီး ရန်ကုန်မြို့တွင်းသို့ သယ်ယူပို့ဆောင်သူကို ရဲတပ်ဖွဲ့က ပိတ်ဆို့ ဖမ်းဆီးခဲ့ပေမယ့် ၎င်းမှာ လွတ်မြောက်သွားကြောင်း သိရပါတယ်။


“ကြိုပြီးတော့ ပိတ်ထားတာတော့ပေါ့။ သူလာမယ့် လမ်းကြောင်းကို။ အဲဒါ သူက ကားထားပြီး အခြားတနည်းနဲ့ ထွက်ပြေးသွားတယ်။ ခု သူကို အမှုဖွင့်ထားပါတယ်။” လို့ ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူ ယာဉ်မောင်းမှာ ဦးဌေးအောင် အသက် ၅၇ ဖြစ်ပြီး စစ်တွေကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကို ရန်ကုန်မြို့တွင်းသို့ သယ်ယူလာတာဖြစ်ပြီး မှော်ဘီမြို့နယ် အမှတ် ၄ စစ်ဆေးရေးဂိတ်တွင် လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။

သူနဲ့အတူ ကိုသန့်ဇင့်ထွန်း၊ ရန်လင်းအောင်၊ ညာဏ်လင်းအောင်နဲ့ အာလီ ပေါင်း ၅ ဦးတို့မှာ စစ်တွေကနေ ရန်ကုန်ထိ သယ်ယူပို့ဆောင်ခ တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ဒုက္ခသည် ၁၀ ဦးကို တင်ဆောင်လာတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ဒုက္ခသည် ၁၀ ဦးကို ဖမ်းဆီးထားပြီး လွတ်မြောက်သွားသူများကို တရားစွဲဆိုအမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top