ကျောက်တော်/RiA ၊ ဖေဖေါ်ဝါရီ ၂၉ ရက်
သိမ်းဆည်းခံ လယ်မြေတွေကို နိုင်ငံတော်မှ တရားဝင် ပြန်လည် ပေးအပ်မှုတွေ ပြုလုပ်နေ ပြီ ဖြစ်ပေမယ့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) အဖွဲ့က သိမ်းဆည်းထားတဲ့ လမ်မြေတွေကို ယနေ့တိုင် မူလပိုင်ရှင်တွေ လက်ထဲ လွှဲပြောင်ခြင်း မပြုသေးကြောင်း သိရပါတယ်။
ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာအနီးရှိ ကွင်းအမှတ် ၇၇၇ - ကို ၂၀၁၄ ခုနှစ်တွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြန်လည် ပေးအပ်ထားပြီး ဖြစ်ကြောင်း သိမ်းဆည်းခံ လယ်မြေအရေး လိုက်ပါဆောင်ရွက်နေသူ ဦးမောင်ကျော်သာက ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လွှဲပေးပြီးဖြစ်ကြောင်း စာကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စရဖ က လုပ်ခွင့် မပေးပါဘူး။ ပြည်နယ်ဝန်ကြီးချူပ်ကို တင်ပြတာလည်း အကြိမ်ကြိမ်ပါ။ ဘာမှ တုံ့ပြန်မှု မရှိပါဘူး။”
ကျောက်တော်မြို့နယ်တွင် သိမ်းဆည်းခံ လယ်မြေဧကပေါင်း ၄၉၇၇ ဧက ရှိပြီး ၂၀၀၇ ဧကကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
လယ်သမားများရဲ့ ပြောကြားချက်အရ စရဖ အဖွဲ့က သိမ်းဆည်းထားမြေ ဧက စုစုပေါင်း ၁၂၀ ကျော်ထိ ရှိနေပြီး အဆိုပါ မြေတွေကို ၂၀၀၆ ခုနှစ်တွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
စရဖ အဖွဲ့က ၎င်းတို့ သိမ်းဆည်းမြေမှာ ဧက ၅၀ ထက် မပိုကြောင်းနှင့် လယ်သမားများ လက်ခံမယ်ဆိုရင် ထိုထက်ပို၍ မပေးနိုင်ကြောင်း တုံ့ပြန်ဖြေကြားခဲ့တယ်လို့ သိမ်းဆည်းခံ လယ်သမားများက ပြောပါတယ်။

0 comments:
Post a Comment