Thursday, March 3, 2016

ဝင်း နှင့် ဇော် လွတ်မြောက်ရေး AASYC မှ ထိုင်းသံရုံးနှင့် ဆွေးနွေးမည်

မဲဆောက်/RiA ၊ မတ် ၃ ရက်

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရတဲ့ ၀င်း နှင့် ဇော် ကို အမှုမှန်ပေါ်ပေါက်နိုင်ဖို့နှင့် လွတ်မြောက်နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး AASYC တို့ဟာ တွေ့ဆုံဆွေးနွေးမှုတရပ်ကို မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် သွားရောက်တွေ့ဆုံမယ့် AASYC ရဲ့ ကိုယ်စားလှယ် ဦးတင်ဦးက RiA ကို ခုလို ပြောပါတယ်။

“ ကျွန်တော်တို့ဘက်ကနေ တွေ့ခွင့်ရဖို့ကို ကမ်းလှမ်းခဲ့တာပါ။ အစကတော့ ၃ ရက်နေ့ တွေ့ဖို့ဆိုပြီးတော့ လက်ခံတယ်။ နောက် သံရုံးကနေပြီးတော့ မအားတဲ့အတွက် ၄ ရက်နေ့ကို ရွှေ့လိုက်တာပါ။ ကျွန်တော်တို့ သွားတွေ့မှာကလည်း ဒီဇင်ဘာလကုန်ပိုင်းကနေ ကောက်ခံခဲ့တဲ့ လက်မှတ်တွေကို ထိုင်းဘုရင်နဲ့ ဝန်ကြီးချုပ်ဆီကို ပို့မလို့ပါပဲ။ ဒီလက်မှတ်တွေကို ပို့ရခြင်း အဓိက ရည်ရွယ်ချက်ကတော့ သူတို့အမှုကို အယူခံဝင်ထားတယ်။ အဲဒီအယူခံမှာ အမှုအပေါ်မှာ လျော့ပေါ့ ပေးနိုင်ရေး အတွက် ထိုင်းဘုရင်ကိုအ သနားခံတြာ ဖစ်ပါတယ်။ သံရုံးတာဝန် ရှိသူတွေနဲ့လည်း ကျနော် ဆွေးနွေးသွားမှာပါ ဒီကိစ္စတွေကို။”

ဝင်း နှင့် ဇော် ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ကော့စမွီခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီနောက်မှာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ပြည်သူ များက ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ဆန္ဒပြမှု ၅၀ ထက်မနည်း ပြုလုပ်ခဲ့သလို Blink Hacker Group ကလည်း ထိုင်းတရားရုံးများဆိုင်ရာ အင်တာနက်စာမျက်နှာများကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မတရား စွပ်စွဲမှုနှင့် သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ၀င်းဇော်ထွန်း နှင့် ဇော်လင်းမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်က ဖြစ်ပြီး သူတို့နှစ်ဦးမှာ ထိုင်းနိုင်ငံ၊ သူဌေးကျွန်း (လိပ်ကျွန်း) တွင် အလုပ်လုပ်ကိုင်နေစဉ် ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံလိုက်ရတဲ့ အမှုတွင် စွပ်စွဲခံခဲ့ရခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top