မြောက်ဦး/RiA ၊ မတ် ၃ ရက်
ရခိုင်စစ်ဘေးရှောင်တွေကို အစိုးရက ပြန်လည်နေရာ ချထားပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် စားဝတ်နေရေးတွက် အလုပ်အကိုင် အဆင်မပြေတာကြောင့် အဲဒီနေရာကို စွန့်ခွာရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
ရခိုင်စစ်ဘေးရှောင်တွေကို အစိုးရက ပြန်လည်နေရာ ချထားပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် စားဝတ်နေရေးတွက် အလုပ်အကိုင် အဆင်မပြေတာကြောင့် အဲဒီနေရာကို စွန့်ခွာရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
“အစိုးရက နေရာချထားပေးတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ စိုက်ခင်းတွေက အဲဒီမှာ ကျန်ခဲ့တယ်။ ကြက်၊ ဘဲတွေ ကျန်ခဲ့တယ်။ ဘာမှ ပါမလာတော့ ဘယ်လို စီးပွားရှာမလဲ။ လောလော ဆယ်က အလှူရှင်တွေဆီက ပေးတာတွေက အဆင်ပြေပါတယ်။ ဒါပေမယ့် ကျနော်တို့ ၀င်ငွေလိုပါတယ်။ ကျနော်တို့ ဒီနေရာကနေ ရွေ့ပြောင်းဖို့ စဉ်းစားထားကြပါတယ်။” လို့ မြောက်ဦးမြို့နယ် တောင်ဦးက စစ်ဘေးရှောင် တစ်ဦးက RiA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံး သီတင်းပတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရက္ခိုင့်တပ်မတော်နဲ့ မြန်မာ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင် ဒုက္ခသည်တွေကို ၎င်းတို့ နေထိုင် လိုကြတဲ့ မြောက်ဦးမြို့နယ် တောင်ဦး၊ ငစွယ်ကန်နှင့် ကျောက်တော်မြို့နယ် ရွာမပြင်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုစတဲ့ ကျေးရွာတွေမှာ အသီးသီး ပြန်လည် နေရာချထားပေးခဲ့တာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ဆိုပါတယ်။

0 comments:
Post a Comment