Friday, February 5, 2016

UN ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ စစ်တွေသို့လာမည်

၂၀၁၅ ခုနှစ် ဇန်န၀ါရီ ပထမ သီတင်းပတ် ကုလ ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ စစ်တွေကို ရောက်ရှိခဲ့စဉ်က


စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၅ ရက် 

ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ စစ်တွေမြို့ကို လာရောက်မည် ဖြစ်ကြောင်း သိရပါတယ်။

သူ့အနေနဲ့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့အတွက် ယခုလို လာရောက်ခြင်းတွင် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ဘာသာရေး ခေါင်းဆောင်များနဲ့ ဆုံတွေ့သွားမှာ ဖြစ်ပြီး မွတ်စလင် ဒုက္ခသည် စခန်းများကို သွားရောက် လေ့လာမှာလည်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး RFA မြန်မာပိုင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

မစ္စယန်ဟီးလီ ရဲ့ ရခိုင် ခရီးစဉ်မှာ တညအိပ် ကြာမြင့်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၅ ဇန်န၀ါရီ ပထမသီတင်းပတ်တုန်းက မစ္စယန်ဟီးလိဟာ စစ်တွေမြို့ကို လာရောက်ခဲ့စဉ်က သူ့ကို ဒေသခံတွေက ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top