Monday, February 29, 2016

AA တပ်ဖွဲ့၏ စစ်လက်နက်ပစ္စည်း အမြောက်အမြှား ဖမ်းဆီးရမိဟု သတင်းထုတ်ပြန်

ဓာတ်ပုံ -MOI
ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၂၉ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးကျေးရွာအုပ်စုရှိ Arakan Army အဖွဲ့ရဲ့
ပုစွန်ကန် အဆောက်အဦးအနီးမှ RPG (၆)လက်၊ ပါရီ(၇)လက်၊ စနိုက်ပါ (၄)လက်၊ RPG ဗုံးသီး(၃၉)လုံး၊ RPG ပို့ကျည် (၅၀)တောင့်၊ ကျည်အိမ်(၇၀)ခု၊ ကျည် (၁၁၁၉၇)တောင့်၊ TNT ယမ်းတုံး(၄၅)တုံး၊ စနက်တံ (၂၅၄)ခု၊ ယမ်းကြိုး ထုပ် (၁၀)ထုပ်၊ မှန်ပြောင်း(၂)ခု၊ ဓါတ်ခဲ(၁၄)လုံး၊ ဒီတိုနေတာ(၄)ခု၊ Laser Scope (၁)ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီကနေ့ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဖေဖေါ်ဝါရီ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် AA ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော် (ခ) ညီညီစိုး (ခ) မင်းခန့် (ခ) ညီညီကို ဖမ်းမိခဲ့ပြီးနောက်တွင်  စစ်ဆေးချက် အရ အောင်မြတ်ကျော် နေထိုင်တဲ့  ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်ရှိ နေအိမ်ကို ၀င်ရောက်ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ စစ်သုံးအီကွေးမင့်(၄၂)ခု၊ အစိမ်းရောင်ပြောက်ကျား ကျောပိုးအိတ် (၈၀) အိတ်၊ အစိမ်းရောင် စစ်ဘေးလွယ်အိတ်(၇၀)လုံး၊ ၎င်းကြိုး(၆၀)၊ Bushnell စာတန်းပါ ညကြည့်မှန်ပြောင်း(၅)ခု၊ ICOM IC-V8 စာတန်းပါ အစိမ်းရောင် စကားပြောစက်(၂၁)လုံး၊ Compass စာတန်းပါသံလိုက်အိမ်မြှောင်(၉)လုံး၊ GARMIN စာတန်းပါ GPS(၁)လုံး၊ စစ်သုံးအစိမ်းရောင် ပလတ်စတစ်မြေယာခင်း(၈၉)ထည်၊ လက်လုပ် မိုင်း၊ လက်ပစ်ဗုံး၊ မြေမြှုပ်ဗုံးများပြုလုပ်ရာတွင် အသုံးပြုသည့် ပလတ်စတစ်ကော်ပိုက် (အမာ)အပိုင်းအစများ၊ သံပြား(၄)ပြား၊ ကော်ပြား(၁)ပြား၊ ယာဉ်နံပါတ်ပြား (၁)ခု တို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာလမ်းသွယ်တွင် ဝေသာထွန်း(ခ) မျိုးဇော်အား ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ၎င်းတို့ကို စစ်ဆေးချက်အရ  ဝေသာထွန်း(ခ)မျိုးဇော် နေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ(၂)လမ်းနေအိမ်သို့ သွားရောက်ရှာဖွေရာ လှေကားအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃၃၀၈၀ဝ)ပြား ဖမ်းဆီးရမိခဲ့ပြီး၊ ဖေဖော်ဝါရီ(၁၀)ရက်တွင် လွန်ခဲ့သော(၆)လခန့်က ဝေသာထွန်း(ခ)မျိုးဇော် ငှားရမ်းနေထိုင်ခဲ့တဲ့ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံရွာ၊ ရွှေကမ်းသာယာအိမ်ရာ နေအိမ်သို့ သွားရောက်ရှာဖွေရာ AK ကျည်ဘောက် (၁၉)ခု၊ AK ကျည်(၇၀၄၀)တောင့်၊ 12.7 လေယာဉ်ပစ် စက်သေနတ် ကျည်(၄၄၀)တောင့်၊ RTA47 စက်လတ်ကျည်(ခါးပတ် ၁၃ တွဲကျည်ပါ) ၁၀၀၀ တောင့်၊ AK လေ့ကျင့်ရေးကျည် (၁၉၅)တောင့်၊ စက်လတ်ကျည်အိမ်ဝိုင်း(၂)ခု၊ M34 မီးခိုးဗုံး (၄)လုံး၊ လက်နက်ကြီးပို့ကျည် (၁၂)လုံး၊ TNT ယမ်းထုပ်(၂၀၀ ဂရမ်စီပါ) (၅၆)ထုပ်၊ မီးရှို့စနက်တံကြိုး(ရိုးရိုး) ၉၄ ပေ၊ ၆ လက်မ ၊ မီးရှို့စနက်တံချောင်း(၁၉၅)ချောင်းနှင့် RTA 74 စက်လတ်ကျည်ခါးပတ်(၂)ခုတို့ သိမ်းဆည်းရမိခဲ့တာကြောင့် ၎င်းတို့နှစ်ဦးအပြင် နေအိမ်တွင် နေထိုင်တဲ့ ကျော်စိန် (စိစစ်ဆဲ)၊ အေးချမ်း(စိစစ်ဆဲ)တို့ကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၎င်းတို့ကို စစ်ဆေးချက်များအရ လက်နက်/ခဲယမ်းများအား၂၀၁၄ ခုနှစ်အတွင်း ပြင်ဦးလွင် လမ်းကြောင်းမှ (၂)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ပြင်ဦးလွင် လမ်းကြောင်းမှ(၆)ကြိမ်၊ ဘားအံလမ်းကြောင်းမှ (၁၀)ကြိမ်၊ စုစုပေါင်း(၁၈)ကြိမ် ရန်ကုန်မြို့သို့ ကိုယ်ပိုင် မော်တော် ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် ပြန်လည်ထုပ်ပိုးပြီး လိုင်းကားဖြင့်(၃)ကြိမ်၊ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် (၁၁)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ်ခွဲ၍ စစ်တွေ မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သော လက်နက်/ခဲယမ်း အရေအတွက် စုစုပေါင်းမှာ လက်နက်ငယ်(၃၄၅)လက်၊ လက်နက်ငယ်ကျည် မျိုးစုံ(၈၀,၂၀၀)တောင့်၊ RPG(၁၆)လက်၊ RPG ဗုံးသီး(၂၁၃)လုံး၊ လက်ပစ်ဗုံး (၃၀၀)လုံး၊ TNT ယမ်း(၇၅၀)တောင့်၊ မိုင်း(၄၀)လုံး၊ ဆက်သွယ်ရေး အထိုင်စက်(၂)လုံး၊ လမ်းလျှောက် စကားပြောစက်(၃၃)လုံး၊ ချပ်ဝတ်(၁၅၀)စုံနှင့် အခြားဆက်စပ် ပစ္စည်းမျိုးစုံဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top