Friday, February 26, 2016

ယခုနှစ် ရခိုင် တက္ကသိုလ်ဝင်စာမေးပွဲ ၂၅ ရာခိုင်နှုန်းထိ အောင်မြင်နိုင်မည်ဟု မျှော်မှန်းထား

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၂၆ ရက်
 
မတ်လ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင် တက္ကသိုလ်ဝင်တန်းကျောင်းသား ဖြေဆိုသူ ၃၇၂၀၄ ဦးထိ ရှိပြီး အောင်မြင်မှု ၂၅ ရာခိုင်နှုန်းထိ ရရှိဖို့ မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက RiA ကို ပြောပါတယ်။


''ကျနော် တက္ကသိုလ်ဝင်အောင်ချက် ပြန်လည်မြင့်မားလာဖို့ ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကထက် ပိုမိုသာလွန်နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်။"
 
ယခုနှစ် ရခိုင်တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားများအတွက် စာစစ်ဌာန ၁၀၄ ခုထိ တိုးချဲ့ထားကြောင်း သိရပါတယ်။
 
ရခိုင်တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၄ ခုနှစ်က ၁၈ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၀၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိ ၁၄ နှစ်တာကာလအတွင်း အဆိုးရွားဆုံးအဆင့် ကျရောက်ခဲ့ပါတယ်။ 

အဲဒီနောက် ၂၀၁၅ ခုနှစ် မှာ ၂၃ ရာခိုင်နှုန်းထိ ပြန်လည် တက်ရောက်လာခဲ့ပြီး ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်းထိ မျှော်မှန်းထားတာ ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး မှတ်တမ်းများအရ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်တွင်းစာဖြေဌာန ၁၄၅၃ ခု၊ နိုင်ငံခြားစာဖြေဌာန ၁၇ ခု ရှိပြီး ဖြေဆိုမည့် ကျောင်းသားဦးရေ ကျောင်းတက်ဖြေဆိုခွင့်လျှောက်ထားသူ ၄၀၆၆၀၇ ဦး နှင့် ပြင်ပဖြေဆိုခွင့်လျှောက်ထားသူ ၂၆၄၇၂၄ ဦး၊ စုစုပေါင်း ၆၇၁၄၃၁ ဦးရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနဦးစီးရဲ့ စာရင်းမှတ်တမ်းများအရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top