Thursday, February 25, 2016

ကျောက်ဖြူ မူဆလင် ကယ်ဆယ်ရေးစခန်း တပ်မတော်လုံခြုံရေး ရုပ်သိမ်း

ကျောက်ဖြူ/RiA ၊ ဖေဖေါ်ဝါရီ ၂၅ ရက်

ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ကယ်ဆယ်ရေး စခန်းရဲ့ လုံခြုံရေးကို ယခင်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က အသီးသီး တာဝန်ခွဲယူခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ရဲတပ်ဖွဲ့တစ်ခုတည်းသာ ထားရှိခဲ့ပြီး တပ်မတော်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးမောင်လှက RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

"အစတုန်းကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ နှစ်ခု လုံခြုံရေးချထားတာပေါ့။ ခုတော့ ရဲတပ်ဖွဲ့တစ်ခုပဲ ရှိပါတော့တယ်။ ရဲတပ်ဖွဲ့ကိုတော့ ပိုပြီး အင်အားတိုး ချထားလိုက်တာပေါ့"

ကမ့်လုံခြုံရေးအတွက် တာဝန်ယူထားတဲ့ သံတွဲအခြေစိုက် တပ်ရင်း ခလရ ၅၅ ကို ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် အရေးပေါ်ညွှန်ကြားချက်တစ်ခုကြောင့် ချက်ချင်းဆိုသလို တပ်ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး ယခင် ရဲအဖွဲ့ဝင် ၂၀ ခန့်သာ ရှိခဲ့ရာမှ ယခု ၄၈ ဦးထိ တိုးမြင့်ပေးခဲ့တာဖြစ်ပါတယ်။

ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၄၂၇ စု၊ စုစုပေါင်း လူဦးရေ ၁၂၆၇ ဦး ရှိပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တိမ်းရှောင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top