Saturday, January 23, 2016

ကျောက်ဖြူ SEZ တင်ဒါအောင် ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူများ တံခါးပိတ်ဆွေးနွေးခဲ့ဟု သိရ

ကျောက်ဖြူ SEZ ပုံစံ (ဓာတ်ပုံ - KPSEZ)
ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၂၃ ရက်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်ထည်ဖော်ဆောင်ရေးအတွက် တင်ဒါအောင်ခဲ့တဲ့ တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီသုံးခုအပါအ၀င် ထိုင်း နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခု ပါဝင်တဲ့ CITIC ကွန်ဆိုဒီယမ် အုပ်စုနှင့် အစိုးရတာဝန်ရှိသူတို့မှာ ဇန်န၀ါရီ ၂၁ ၊ ၂၂ ရက် နေ့များတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် နှစ်ရက်ကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း 7 Day က ရေးသားဖော်ပြချက်အရ သိရပါတယ်။

ကျောက်ဖြူ SEZ ကို လုပ်ကိုင်ခွင့် အလျင်အမြန် ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေသခံ၊ လွှတ်တ်ာကိုယ်စားလှယ်တွေနှင့် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေက ကန့်ကွက်ခဲ့မှုကြောင့် အစိုးရက လုပ်ကိုင်ခွင့်တင်ဒါသာ ကြေညာခြင်းဖြစ်ပြီး အသစ်တက်လာမယ့် အစိုးရက ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ကြေညာခဲ့ပေမယ့် ယခုလို တံခါးပိတ် တွေ့ဆုံမှုအပေါ် "ကုမ္ပဏီနှင့် စာချူပ် ချူပ်ဆိုခြင်း မဟုတ်ပါ။ စာချူပ်မှာ ပါဝင်မယ့် အချက်တွေကို နှစ်ဖက် ညှိနှိုင်းဆွေးနွေးခြင်းသာ ဖြစ်ပါတယ်" လို့ ဆွေးနွေးမှုကို တက်ရောက်ခဲ့တဲ့ အစိုးရအဖွဲ့ဝင် အရာရှိကြီးတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကား၍ ၎င်း သတင်းစာက ဖော်ပြပါတယ်။

ကျောက်ဖြူ SEZ နှင့် ပတ်သက်၍ လုပ်ကိုင်ခွင့် ရှယ်ယာအချိုးအစား ကွာဟမှု၊ တရုတ်နိုင်ငံအတွက် စီးပွားရေးအရ မဟာဗျူဟာမြောက် ပင်လယ်ထွက်ပေါက် ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်တာကြောင့် ၎င်းကို နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးထားမှုအပေါ် ဒေသခံ ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားများက အပြင်းအထန် ကန့်ကွက်ထားတဲ့ စီးပွားရေးဇုန်တစ်ခု ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top