ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၂၂ ရက်
ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ပြည်ထောင်စုအဆင့် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားမှုအပေါ် ယခုအချိန်ထိ တုံ့ပြန်မှု တစုံတရာ လက်ခံရရှိခြင်း မရှိသေးကြောင်း သိရပါတယ်။
ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ပြည်ထောင်စုအဆင့် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားမှုအပေါ် ယခုအချိန်ထိ တုံ့ပြန်မှု တစုံတရာ လက်ခံရရှိခြင်း မရှိသေးကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းရေး၊ ပြည်နယ်ဝန်ကြီးချူပ်ကို ANP မှ ကိုယ်စားလှယ် တစ်ဦးဦးအား ရွေးချယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၇ ရက်နေ့ထိ ပါတီတွင်း တံခါးပိတ် ဆွေးနွေးခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချူပ်ရဲ့ ပဉ္စမအကြိမ်မြောက် ပုံမှန် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၊ ရွေးကောက်ပွဲလွန် ပထမအကြိမ် CC/CEC တို့ရဲ့ အစည်းအဝေးအပြီးမှာ NLD နှင့် တွေ့ဆုံဖို့ ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
အဆိုပါ ကော်မတီကို NLD ဘက်မှ တွေ့ဆုံဖို့ တစုံတရာ ကမ်းလှမ်းခြင်း မရှိခဲ့တာကြောင့် ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ၁/၂၀၁၆ သဘောထားကြေညာချက် တစ်စောင်ကို ရခိုင်အမျိုးသားပါတီမှက ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်တွင် ပြည်နယ်ဝန်ကြီးချူပ်နေရာနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းရေးကို ရခိုင်အမျိုးသားပါတီမှ ဆောင်ရွက်ခွင့်မရခဲ့ရင် ဘယ်အစိုးရအဖွဲ့အစည်းမှာမှ ပါဝင်ခြင်းမပြုဘဲ
အတိုက်အခံအနေနှင့်သာ ရပ်တည်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် ဇန်န၀ါရီ ၂၀ ရက်နေ့မှာ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ (၁) ဦးဖိုးမင်းကနေ စီမံ/၀၀၂/၂၀၁၆ နဲ့ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင်နှင့် ကော်မတီဝင်များ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို ညွှန်ကြားစာ တစ်စောင် ထပ်မံ ရေးသား ပေးပို့ခဲ့ပါတယ်။
အဆိုပါ ညွှန်ကြားစာတွင် ANP အနေနဲ့ ရခိုင်ပြည်နယ်တွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းမှာ ပြည်သူ လူထုက ရခိုင်အမျိုးသားပါတီကို အစိုးရအဖွဲ့ကို ဦးဆောင်ဆောင်ရွက်နိုင်စေရန် ဖြစ်တာကြောင့် အနိုင်ရကိုယ်စားလှယ်များနှင့် ဗဟိုကော်မတီဝင်များအားလုံး ၁/၂၀၁၆ ကြေညာချက်ကို တိကျစွာ လိုက်နာကြဖို့ ရေးသားပါရှိပါတယ်။
ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်ရဖို့ ယခုလို သဘောထား ထုတ်ပြန်ထားပေမယ့် NLD ဘက်က တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်ခြင်းမျိုး မပြုလုပ်သေးဘူးလို့ ဒီကနေ့ ဇန်န၀ါရီ ၂၂ ရက်နေ့ RFA မြန်မာပိုင်းဌာနရဲ့ ရေဒီယို ထုတ်လွှင့်မှုကတဆင့် ပါတီ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်က ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment