Friday, January 22, 2016

ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုဥက္ကဌ နေရာ ကမ်းလှမ်းထားသည့် သတင်း အတည်မပြုနိုင်ဟု NLD ပြောကြား

ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၂၂ ရက်

ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့တဲ့ ဦးအေးသာအောင်ကို NLD က အမျိုးသားလွှတ်တော် ဒုဥက္ကဌ နေရာအတွက် ကမ်းလှမ်းထားခြင်း အပါအ၀င် လွှတ်တော်အကြီးအကဲနေရာများအတွက် အမည်စာရင်းများ သတင်းထွက်ပေါ်နေမှုအပေါ်
အတည်မပြုနိုင်သေးကြောင်း NLD က ပြောကြားလိုက်ပါတယ်။
 
အဆိုပါ ပြောကြားမှုကို NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က RFA မြန်မာပိုင်းဌာနနဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ သိရပါတယ်။

"လူရွေးတာကလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး သေသေချာချာ
သတိထားပြီး စိစစ်ရွေးချယ် တယ်၊ ရွေးပုံရွေးနည်းကလည်း
အမျိုးသားရင်ကြားစေ့ရေးရယ် နောက်တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြုမယ့်
အခြားပါတီကပဲဖြစ်ဖြစ် အပြင်ကပုဂ္ဂိုလ်တွေဖြစ်ဖြစ် ပါမယ်ဆိုရင်အဲ့ဒီလူကိုရွေးတာ၊ ဒါရွေးတဲ့အခါမှာ သတိထားပြီးရွေး တယ်၊ နောက်တစ်ခုက ကြေညာဖို့ဆိုတာ တိုင်ပင်ရတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ်မှတ်မှုပါ" လို့ ဦးဝင်းထိန်က ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်အတွက် NLD ကိုယ်စားလှယ်ဖြစ်သော ဦးဝင်းမြင့် ၊ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ဦးမန်းဝင်းခိုင်သန်း တို့အပြင် ဒုဥက္ကဌ နေရာများအတွက် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော်နှင့် အခြားပါတီတစ်ခုက ကချင်တိုင်းရင်းသားတစ်ဦးကို အဆိုပြုထားကြောင့် ဦးဥာဏ်ဝင်း AFP သတင်းဌာနကို ဇန်န၀ါရီ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပြီးနောက်မှာ ခုလို သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြောစရာ မရှိကြောင်းနှင့် ပြောကြားသူကိုသာ မေးမြန်းကြဖို့ ဖြေကြားခဲ့ကြောင်း RFA မြန်မာပိုင်းဌာနက ဒီကနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top