Saturday, January 9, 2016

NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး မနက်ဖြန် ကျင်းပမည်

စစ်တွေ၊ ဇန်န၀ါရီ ၉ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို မနက်ဖြန် ဇန်န၀ါရီ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


"အစည်းအဝေးက နေပြည်တော်မှာ လုပ်မှာပါ။ ရခိုင်က ကျနော်တစ်ဦးတည်း တက်ရောက်ရမှာပါ။ ဘာတွေ ဆွေးနွေးမလဲဆိုတော့ လက်ရှိ အခြေအနေတွေ၊ နောင်ဆောင်ရွက်ရမယ့် ကိစ္စတွေက အများသား ဆိုတော့ ပြောဖို့က ခက်ပါလိမ့်မယ်။ အာဂျင်ဒါကိုတော့ မသိရသေးပါဘူး" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုက RiA ကို ပြောပါတယ်။

ဒီအစည်းအဝေးမှာ အစိုးရအဖွဲ့ ဖွဲ့စည်းရေး ကိစ္စရပ်များကို အဓိကထားပြီး ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက ခန့်မှန်းမှုတွေ ရှိနေပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top