Saturday, January 9, 2016

Miss Tourism World 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ရခိုင်ရိုးရာ သတို့သမီးဝတ်စုံဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇန်န၀ါရီ ၉ ရက်

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့ Miss Tourism World 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်လျှက်ရှိတဲ့ အလှမယ် စီစီအေးကိုက နိုင်ငံကိုယ်စားပြု ၀တ်စုံကို ရွေးချယ်ရာမှာ ရခိုင်ရိုးရာသတို့သမီး ၀တ်စုံနှင့် ယှဉ်ပြိုင်မှာဖြစ်ကြောင်း မဇ္ဈိမ သတင်းဌာနက အတည်ပြုဖော်ပြထားပါတယ်။
နို
နိုင်ငံကိုယ်စားပြု ၀တ်စုံအဖြစ် ရခိုင်ရိုးရာသတို့သမီး ၀တ်စုံကို ဒီဇိုင်နာ Shar Tra မှ ချူပ်လုပ်ပေးထားဖြစ်ပြီး Shar Tra မှာ ရခိုင်တိုင်းရင်းသားဖြစ်တာကြောင့် ရခိုင်သတို့သမီး ၀တ်စုံကို ရိုးရာမပျက် ဆန်းသစ်လှပအောင် ဖန်တီးထားတာ ဖြစ်ကြောင်း သိရပါတယ်။


Miss Tourism World 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ စီစီအေးကိုမှာ Miss Land Myanmar Organization မှ ရွေးချယ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ၎င်းမှာ ပြိုင်ပွဲအတွက် ဇန်န၀ါရီ ၄ ရက်နေ့က မလေးရှားနိုင်ငံကို ထွက်ခွာခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံတွင် ကျင်းပနေတဲ့ Miss Tourism World 2015 ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံအခြေစိုက် Tourism World Organization မှ ကြီးမှူးကျင်းပတာဖြစ်ကာ နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

ပြိုင်ပွဲတွင် ချီးမြင့်မည့် Miss Popular Award အတွက် လက်ရှိတွင် အင်လိုင်းမှ မဲပေးနိုင်ပြီး မဲအများဆုံး ရရှိတဲ့ အလှမယ်ကို Miss Tourism World 2015 ဖိုင်နယ်ပြိုင်ပွဲတွင် Miss Popular Award ဆုကို ပေးအပ်မှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top