စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၇ ရက်
ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၆ ခုနှစ်ထိ ၆ နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီး ရရှိမှုများတွင် ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ထိ ဖမ်းဆီးရရှိမှုနှင့် ၂၀၁၅ ခုနှစ် တစ်နှစ်တည်းတွင် ဖမ်းဆီးရရှိမှု အမှုအရေတွက် ညီမျှနေပြီး ဖမ်းမိ မူးယစ်ဆေးဝါး ကီလို အရေအတွက်မှာလည်း အမြင့်ဆုံး အနေအထားတွင် ရှိကြောင်း ရခိုင်ပြည်နယ် မူးယစ်ဆေးဝါး ဖမ်းဆီးမှုဆိုင်ရာ စာရင်းအချက်အလက်များအရ သိရပါတယ်။
အဆိုပါ စာရင်းမှတ်တမ်းများအရ WY ပန်းရောင်စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရရှိမှုဟာ ၂၀၁၀ ခုနှစ်တွင် ၂၁ မှု ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်တွင် ၉၁ မှု ထိရှိခဲ့ပါတယ်။
စိတ်ကြွဆေးပြားများကို ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးတွေ့ရှိမှုများအဖြစ် ၂၀၁၀ မှာ ၂၁ မှု၊ ၂၀၁၁ မှာ ၁၈ မှု၊ ၂၀၁၂ မှာ ၁၅ မှု၊၂၀၁၃ မှာ ၃၄ မှု၊ ၂၀၁၄ မှာ ၁၂မှု၊ ၂၀၁၅ မှာ ၉၁ မှုအထိ ဖမ်းဆီးရရှိခဲ့တယ်လို့ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ဆိုင်ရာ စာရင်း အချက်အလက်များအရ သိရှိရပါတယ်။
ယခုနှစ် ၂၀၁၆ ခုနှစ် နှစ်အစမှာပဲ ဇန်နဝါရီလ ၂၄ ရက်နေ့ထိ စိတ်ကြွဆေးပြား အမှုပေါင်း ၂၄ ရက်နေ့အထိ (၅) မှုထိ ရှိနေပြီလို့ ရခိုင်ပြည်နယ် မူးယစ်ရဲတပ်ဖွဲ့စု တာဝန်ခံ ဦးရီထွန်းသန့်က RiA ကို ပြောပါတယ်။
“ ဒီလအတွင်းမှာတော့ စိတ်ကြွဆေးပြားအမှုပေါင်း ၅ မှုရှိပါပြီ၊ ဆေးပြားအရေတွက် ကျတော့ ၆၀၈၁၆၆ ပြားအထိ ရရှိထားတယ်၊ အမ်းမှာ ဖမ်းမိတဲ့ အခေါက်မှာ ဆိုရင် စုစုပေါင်း စိတ်ကြွဆေးပြား ၅၀၉၉၆၀ ပြားပါရှိတယ် ၊ ဆေးခြောက်မှု ၁ မှုလည်း ဖမ်းမိထားတယ်၊ အလေးချိန်ကျတော့ ၁၁. ၃ ကီလိုပဲ”
ပြီးခဲ့တဲ့ ၆ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားများ ကူးသန်းရောင်းဝယ်ရာ လမ်းကြောင်းတွင် အဓိကနေရာဖြစ်လာခဲ့တယ်လို့ ရခိုင်ပြည်နယ် မူးယစ်ရဲတပ်ဖွဲ့စုက ပြောပါတယ်။
0 comments:
Post a Comment