Thursday, January 28, 2016

စစ်တွေမြို့နယ်တွင် ကလေးငယ်များ ပျောက်ဆုံးနေမှု တရားဝင် တိုင်ကြားခြင်း မရရှိသေးဟု ဆို

စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၈ ရက်

စစ်တွေမြို့နယ်တွင် ယခုသီတင်းပတ်အတွင်းမှာ သတင်းထွက်ပေါ်နေတဲ့ ကလေးငယ်များ ပျောက်ဆုံးနေမှုများနဲ့ ပတ်သက်ပြီး မြို့နယ် ရဲစခန်းများသို့ တရားဝင် တိုက်ရိုက် တိုင်ကြားမှုများ မရရှိသေးကြောင်း စစ်တွေမြို့နယ်၊ နယ်မြေတာဝန်ခံ ဒုရဲအုပ် ဦးခင်မောင်လတ်က RiA ကို ပြောပါတယ်။


“ ဒီနေ့အချိန်ထိ ကလေးပျောက်တယ်ဆိုတာလည်း အမှု တိုင်ကြားထားတာလည်း မရှိပါဘူး။ ကျနော်တို့ စုံစမ်းစစ်ဆေးမှုအရလည်း မတွေ့ရသေးပါဘူး၊ အာကျိတ်တော်ကုန်းပေါ်မှာ ကလေးတစ်ဦး ရင်ခွဲပြီးတွေ့တာ ဆိုတာကလည်း ကောလဟာလလို့ပဲ ယူဆရမှာပါ”

စစ်တွေမြို့နယ်တွင် ကလေးငယ်များ ပျောက်ဆုံးမှုနဲ့ ပါတ်သက်ပြီး အထူးသဖြင့် ကလေးငယ်များအား ခန္ဓာကိုယ်အတွင်းရှိ အရာများကို ဆေးဖော်စပ်ရာတွင် အသုံးပြုရန်အတွက် ဖမ်းဆီးပြီး ရင်ခွဲယူနေတယ် ဆိုတဲ့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေမှုအပေါ် စစ်တွေ ရဲတပ်ဖွဲ့က ယင်းသို့ တုံ့ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကလေးငယ်များ ပျောက်ဆုံးခြင်း ဆိုတဲ့ သတင်းများဟာ မြန်မာနိုင်ငံ အထက်ပိုင်းတွင် လည်း ဖြစ်ပေါ်နေပြီး စစ်တွေမြို့တွင် ယခုသီတင်းပတ်အတွင်း ကျယ်ပြန့်စွာ သတင်းများ ထွက်ပေါ်နေတာ ဖြစ်ပေမယ့် ပျောက်ဆုံးမှု သဲလွန်စ ရင်းမြစ်များမှာ ပျောက်ဆုံးနေပြီး ကောလဟာလ လှုံ့ဆော်မှုတစ်ခုသာဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top