မြောက်ဦး၊ ဇန်နဝါရီ ၇ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အတွင်းရှိ လေးမြို့မြစ်ကြောင်းဒေသ
စင်္ဘောကိုင်း ကျေးရွာသို့ စစ်ဘေးရှောင် ဒုက္ခသည်များ
ထပ်မံရောက်ရှိလာနေကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များမှာ လေးမြို့မြစ်အထက်ပိုင်း
လူးချောင်ထဲတွင် ဆောင်းသီးနှံ စိုက်ခင်းများ လုပ်ကိုင်နေကြသည့်
တောင်သူများဖြစ်ကာ ယင်းတို့မှာ ကျောက်တော်မြို့နယ် သရက်တစ်ပင်
ကျေးရွာသားများဖြစ်ကြပြီး ၎င်းတို့နေထိုင်ရာနေရာနှင့် အနီးဝန်းကျင်တွင်
တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်ကာ
ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
“
စစ်ဘေးရှောင်တွေ ကျွန်တော်တို့ရွာကို ရောက်နေကြတယ်ဆိုတာ ဟုတ်ပါတယ်။
သူတို့ရောက်နေတာ လေးရက်တောင် ရှိနေကြပါပြီ။ သူတို့က လူးချောင်းထဲမှာရှိတဲ့
အလယ်ရွာဆေးရွက်ကြီး စိုက်ခင်း လုပ်ကိုင်နေကြသူတွေပါ။
တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အခုလို ဆင်းလာကြတယ်လို့ပြောပါတယ်။
ကျွန်တော်တို့ရွာရဲ့မြစ်ကမ်းနံဘေးမှာ ယာယီတဲလေးတွေလုပ်ပြီးတော့ နေကြပါတယ်။ “
ဟု စင်္ဘောကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးက RiA က ပြောသည်။
စင်္ဘောကိုင်းကျေးရွာသို့ ရောက်ရှိနေကြသည့် စစ်ဘေးဒုက္ခသည်များမှာ
အိမ်ထောင်စု ၂ စု၊ လူဦးရေ ၈ ဦး ရှိကြောင်း သိရကာ ၎င်းတို့ နေထိုင်သည့်
အလယ်ရွာမှာ ရခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်တို့ နောက်ဆုံး
တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် လူးချောင်းဖျားဒေသ လန်ဒန်ကျေးရွာနှင့်
မိုင်အနည်းငယ်သာ ကွာဝေးကြောင်း သိရသည်။
“ သူတို့ရောက်တာ ၎
ရက်လောက်ရှိနေပေမယ့် အကူအညီတွေဘာတွေတော့ မတောင်းဘူး။ ကျွန်တော်တို့
ရွာပေါ်မှာလည်း နေဖို့မပြောဘူး။ သူတို့မှာ ပါလာတဲ့ ရိက္ခာတွေနဲ့ပဲ ချက်ပြုတ်
စားသောက်နေကြပါတယ်။ ထောက်ပံ့ကူညီရေးအဖွဲ့တွေကလည်း လာပေးတာမရှိသေးပါဘူး။” ဟု
ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါစစ်ဘေးရှောင်များမှာ
တိုက်ပွဲကာလအတွင်း ကြောက်ရွံ့မှုဖြင့် ထွက်ပြေး တိမ်းရှောင်လာကြခြင်းဖြစ်ရာ
ဒေသအခြေအနေ တည်ငြိမ်သွားပါက မိမိတို့ လုပ်ကိုင်ကြသည့် သက်မွေးဝမ်း
ကျောင်းလုပ်ငန်းရှိရာ အလယ်ရွာသို့ ပြန်သွားမည်ဖြစ်ကြောင်းနှင့် ရက်တာရှည်
နေထိုင်ရမည်ဆိုပါက ယင်းမိသားစုတို့ စားဝတ်နေရေး အဆင်ပြေစေရန်
ထောက်ပံ့ကူညီမှုများ လိုအပ်မည်ဖြစ်ကြောင်း ရွာသားများ၏ ပြောပြချက်အရ သိရသည်။
0 comments:
Post a Comment