မြောက်ဦး၊ ဇန်န၀ါရီ ၇ ရက်
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အနုပညာရှင် မြတ်ခိုင်ကျော်
ဦးစီးတည်ထောင်ထားတဲ့ “မြတ်ခိုင်ကျော် ဖောင်ဒေးရှင်း” မှ ကျပ်သိန်း ၂၀
ကျော် တန်ဖိုးရှိ အစားအစာထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း
သိရပါတယ်။
“ အခု လာလှူတဲ့
ပစ္စည်းတွေကတော့ ငါးသေတ္တာရယ်၊ အဝတ်အထည်ရယ်၊ မုန့်တွေရယ်။ နောက် လတ်တလော
စားသောက်လို့ရတဲ့ အစားအစာတွေပါ။ ကျွန်တော်နာမည်နဲ့ အခုမှစပြီး
ထူထောင်လိုက်တဲ့ မြတ်ခိုင်ကျော်ဖောင်ဒေးရှင်းက လာလှူတာဖြစ်ပါတယ်။ ကျပ်သိန်း
နှစ်ဆယ်ကျော်ဖိုးလောက် ရှိပါတယ်။ နောက်ထပ်ပြီးတော့လည်း အရေးတကြီး
လိုအပ်နေတဲ့ စောင်တို့ ဘာတို့နဲ့ ဆန်တွေကိုလည်း ထပ်လှူသွားဖို့ရှိပါတယ်” ရခိုင်တေးသံရှင် မြတ်ခိုင်ကျော်က RiA ကို ပြောပါတယ်။
အဆိုပါ
လှူဒါန်းထောက်ပံ့မှုများကို မြောက်ဦးမြို့နယ် ကျီရာပြင် ယာယီ
စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို ပေးလှူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ြ
မြတ်ခိုင်ကျော် ဖောင်ဒေးရှင်းကို ယခု ရခိုင်ပြည်တွင်းစစ်ကာလအတွင်း
ပထမဆုံးအကြိမ် ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ပေမယ့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်
ပဋိပက္ခကာလများနှင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်
ကိုမန်မုန်တိုင်းဒဏ်သင့်ကာလကလည်း ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့
ကူညီထောက်ပံ့မှုများကို ရခိုင်တေးသံရှင် မြတ်ခိုင်ကျော်အနေနှင့်
ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
RiA ရဲ့ မြေပြင်သတင်းထောက်များ
ပေးပို့ချက်အရ ကျီရာပြင် စစ်ဘေးရှောင် ယာယီဒုက္ခသည်စခန်းမှာ
တိုက်ပွဲဖြစ်ပွားရာနှင့် အနည်းဆုံး ၁၀ မိုင်ခန့်ကွာဝေးတဲ့
မြောက်ဦးမြို့နယ်၊ သံတံတားကျေးရွာမှ ဒေသခံများဖြစ်ကာ ကျီရာပြင်နှင့်
သံတံတားကျေးရွာမှာ ရေမိုင်အားဖြင့် ၈ မိုင်ခန့် ကွာဝေးကြောင်း သိရပါတယ်။

0 comments:
Post a Comment