Tuesday, January 26, 2016

ရခိုင်ကမ်းလွန်ဒေသတွင် သဘာဝဓာတ်ငွေ့သိုက်များ ထပ်မံတွေ့ရှိနိုင်ဟု စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၂၆ ရက်
 
ရခိုင်ကမ်းလွန် အလယ်ပိုင်းနှင့် တောင်ပိုင်းနေရာ များတွင် စွမ်းအင်ဝန်ကြီးဌာနက ကိုးနှစ်ကြာ သုတေသနပြုလုပ်ပြီးနောက် ရလဒ်များအဖြစ် အတည်ပြုချက်ကို A-6 လုပ်ကွက်မှာ ဓါတ်ငွေ့သိုက်တွေ့ရှိပြီး တစ်လခန့်အကြာမှာ စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့သိုက်များ ထပ်မံ တွေ့ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ ရခိုင်ကမ်းလွန်တောင်ပိုင်းနှင့် အလယ်ပိုင်းမှာ ဓါတ်ငွေ့ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ ခန့်မှန်းထားပြီး ဘယ်လောက်ထုတ် လုပ်နိုင်မလဲ ဆိုတာတော့ ဆက်လက် လေ့လာနေပါတယ်။ ဓါတ်ငွေ့ခိုအောင်းမှု ပမဏာကိုတော့ လာမယ့် ၁၀ နှစ်အတွင်းမှာ ထုတ်ပြန်သွားမှာပါ” လို့ စွမ်းအင်ဝန်ကြီးဌာနက အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
 
အဆိုပါ ဓါတ်ငွေ့သိုက်များတွေ့ရှိမှုကို ရခိုင်ကမ်းလွန်မြောက်ပိုင်းတွင် တွေ့ရှိရခြင်းဖြစ်ပြီး တောင်ပိုင်းမှာ ရှိမရှိဆိုတာကိုတော့ အတည်မပြုရသေးဘူးလို့ သူက ထပ်မံပြောပါတယ်။
 
မြန်မာနိုင်ငံတွင် ပင်လယ်ပြင်မှ သဘာဓါတ်ငွေ့ထုတ်ယူမှုများကို  တနင်္သာရီကမ်းရိုးတန်း၊ မုတ္တမတို့၌ အများဆုံးထုတ်ယူခဲ့ပြီး ရခိုင် ကမ်းရိုးတန်းများမှ ထုတ်ယူမှုကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့များထွက်ရှိတဲ့ နေရာတွေအနက် ရခိုင်ကမ်းရိုးတန်း မြောက်ဘက်ပိုင်းမှာ ဓါတ်ငွေ့များဟာ စွမ်းအင် အကောင်းဆုံး ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top