Tuesday, January 26, 2016

သံတွဲမြို့တွင် နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့်ပြုခဲ့ကြောင်း တိုင်ကြားချက် ပြည်ထောင်စုအဆင့် ခုရုံးဖွဲ့ စစ်ဆေးသွားမည်

သံတွဲ/RiA ၊ ဇန်န၀ါရီ ၂၆ ရက်
 
သံတွဲမြို့တွင် နိုင်ငံသားမဟုတ်သူများကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုခဲ့ကြောင်း တိုင်ကြားချက်နဲ့ ပတ်သက်ပြီး လာမယ့် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ခုံရုံးမှ စစ်ဆေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

“ရခိုင်ပါတီကနေ တိုင်ကြားထားတာက ကျွန်တော်တစ်ယောက်ပဲ ရှိတယ်။ ကျွန်တော် တိုင်ထားတာက ရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်တဲ့ သူတွေကို မဲပေးခွင့်ပြုပေးလိုက်တဲ့အတွက် ဒါဟာ မရိုးသားဘူးဆိုပြီးတော့ ပြန်ပြီးစိစစ်ပေးဖို့အတွက် တိုင်ကြားထားတာပါ။ ကော်မရှင် ဥက္ကဌကိုတော့ မတိုင်ဘူး။  ကျွန်တော်နဲ့ မဆိုင်တဲ့အတွက်ကြောင့်ပါ။ လက်ရှိ အနိုင်ရတဲ့ သူကို စိစစ်ပြီးရင် ဘယ်သူအပြစ်ရှိလဲ ပေါ်လာပါလိမ့်မယ်။ အပြစ်ရှိတဲ့သူကို အပြစ်ယူပါ။ နောက်လ ၂၃ ရက်နေ့မှာ ကျွန်တော်ကို စစ်မယ်လို့ ကော်မရှင်ခုံရုံးက ဒီနေ့ ကျွန်တော်ကို ပြောပါတယ်။ အလားအလာတော့ ကောင်းမယ်လို့ ထင်ပါတယ်။” လို့ ရခိုင်အမျိုးသားပါတီ (သံတွဲမြို့နယ်) ဦးမောင်မောင်ဖြူက RiA ကို ပြောပါတယ်။
 
သံတွဲမြို့နယ်တွင် နိုင်ငံသားမဟုတ်သူများကို ကမန်တိုင်းရင်းသားအမည်ခံကာ မဲပေးခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ခရိုင်ရွေးကောက်ပွဲကော်မရှင်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနကို သံတွဲဒေသခံ ၂၀၀၀ ခန့်က ဆန္ဒပြခဲ့ကြပါတယ်။
 
သံတွဲမြို့နယ် မဲဆန္ဒ အမှတ် (၁) ပြည်နယ်လွှတ်တော်နေရာကို ယခု အနိုင်ရရှိထားသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ကိုယ်စားလှယ် ဦးဝင်းနိုင်ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top