Tuesday, January 5, 2016

ကျောက်ဖြူမြို့ရှိ ရခိုင်ဒုက္ခသည်များကို နေရာအသစ် ရွေ့ပြောင်းမှုမှာ စားဝတ်နေရေး ကျပ်တည်းမှုကို ပိုမို ဖြစ်ပွားစေဟု ဒုက္ခသည်များ ပြောကြား

ကျောက်ဖြူ၊ ဇန်န၀ါရီ ၆ ရက်

 ကျောက်ဖြူမြို့နယ်မှာ ၂၀၁၂ ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး စခန်းတွေမှာ ထားရှိရာမှ ယခုအခါ လုံးချင်းအိမ်ရာများ အဖြစ် အိမ်ထာင်စု ၆၅ စုကို ပြန်လည်ပြီး ပြင်ဖြူမော် ကျေးရွာအနီးတွင် နေရာ ချထားပေးသွားမယ်လို့ သိရှိရပါတယ်။


လုံချင်းအိမ်ရာများအဖြစ် နေအိမ်ဆောက်လုပ်မှုကို ၂၀၁၅ ဒီဇင်ဘာလ ပထမ အပါတ်မှစ၍ ဆောက်လုပ်ခြင်းဖြစ်ပြီး ပတ္တမြားဒေဝီ ကုမ္ပဏီမှ မြေ(၂၃ပေပေ၄၀ အကျယ်အဝန်းတွင် ၁၈ပေ ၁၇ ခန့်) တည်ဆောက်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ ပဋိပက္ခတိမ်းရှောင် ဒုက္ခသည်များအစုဟာ ပြည်နယ်အစိုးရ၏ စီမံမှုနှင့် နိုင်ငံတကာ အဖွဲ့စည်းများ၏ ထောက်ပံ့ကူညီမှုအဖြစ် မြို့ပေါ်ရှိ ကျားရုပ်ရပ်ကွက်အနီးတွင် နေရာချပေးထားခြင်းဖြစ်ပြီး လက်ရှိအခြေနေတွင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ များပြားတဲ့အတွက် ယခုပေးတဲ့ အိမ်နေရာတွေထက် လက်ရှိနေရာပဲ သူတို့အတွက် အဆင်ပြေတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

“ကျနော်တို့က ဘာမှ လုပ်စားတတ်တာမဟုတ်ဘူး။ ငါးဖမ်းလုပ်ငန်းတစ်ခုပဲ တတ်တာ။ ကညင်တန်းပိုက်ဆိပ်နေရာမှာဆို အဆင်ပြေတယ်။ ဟိုတဘက်ကို ရွေ့လိုက်မယ်ဆိုရင် စားဝတ်နေရေး ပိုကျပ်တည်းသွားမယ်” ဟု ရခိုင်ဒုက္ခသည် ကိုသန်းကျော်လေးက ပြောပါတယ်။
ြေ
မရွေးချယ်မှုမှာပါဝင်တဲ့ ဦးသန်းလွင်က အဆင်ပြေနိုင်မယ့် မြေနေရာကို မြို့ပေါ်ရှိ နေရာလေးခုနီးပါးရွေးချယ်ခဲ့ကြတယ်လို့ ခုလိုဆိုပါတယ်။

“မြို့မိမြို့ဖအဖွဲ့တွေ၊ မြို့နယ်အထောက်အကူပြုဖွဲ့ရယ်၊ စည်ပင်အဖွဲ့ရယ်တွေ အကုန်လုံးက သင့်တင့်လျောက်ပတ်မယ့် နေရာ ၄ ဦးကို ပထမဦးဆုံး ရွေးဖြစ်ခဲ့တယ်။ လက်ရှိ ရွေးထားတဲ့ နေရာကို အားလုံးက အဆင်ပြေမယ်လို့ ယူဆပြီး ရွေးချယ်ခဲ့တာပါ။ ဒုက္ခသည်တွေထဲက ကိုယ်စားပြုတွေလည်း ပါခဲ့တာပဲ” လို့ မြို့မိမြို့ဖ အဆိုပြု တင်မြောက်ထားတဲ့ စည်ပင်ကော်မတီဥက္ကဌ ဦးသန်းလွင်က ဆိုပါတယ်။

 ကျောက်ဖြူမြို့နယ်မှာ ၂၀၁၂ အလွန် ပဋိပက္ခတိမ်းရှောင်ဒုက္ခသည်တွေအဖြစ် မူဆလင် ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတစ်ခုနဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ကယ်ဆယ်ရေး စခန်းတစ်ခုရှိပြီး ယခုနေအိမ်ဆောက်လုပ်ပေးမှုဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်ဖြစ်တယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top