Monday, December 14, 2015

ကိုမန်ဒဏ်သင့် ပျက်စီးနေအိမ် ၅၀၈ ဆောင် ပြန်လည်တည်ဆောက်ရေး UNHCR နှင့် LWF မှ ထောက်ပံ့ငွေပေးအပ်မည်

ကျောက်တော်၊ ဒီဇင်ဘာ ၁၄ ရက်

၂၀၁၅ ဇွန်လနှင့် ဇူလိုင်လ ပထမသီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှာ ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ကိုမန်မုန်းတိုင်းဒဏ်သင့် နေအိမ် ၅၀၈ ဆောင်ကို ပြန်လည်တည်ဆောက်နိုင်ရေး ထောက်ပံ့မှုတွေကို ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း Lutheran World Fedration – LWF က ပြောပါတယ်။


 ကျောက်တော်မြို့နယ်အတွင်း အလုံးစုံ ပျက်စီးနေအိမ် ၅၀၈ ဆောင်အတွက် အကူအညီထောက်ပံ့ပေးရေး အစီအစဉ်တွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ စတင်ဆောင်ရွက်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ကိုမန်မုန်တိုင်း အရေးပေါ်ကာလအခြေအနေတွေက စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ရရှိခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီရရှိမှုဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားကျေးရွာ ဒေသခံ ဦးကျော်လွင်က ပြောပါတယ်။

UNHCR နှင့် LWF တို့ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ပျက်စီးနေအိမ် ၅၀၈ ဆောင်နှင့် ကျေးရွာပေါင်း ၇၂ ရွာအတွက် တစ်အိမ်ထောင် ကျပ် ၃ သိန်းနှုန်းဖြင့် ကျပ်သိန်းပေါင်း ၁၅၂ ၄၀၀ ကို ဒီဇင်ဘာလအတွင်း ထောက်ပံ့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ရုပ်သံကြည့်ရန် LINK ကို နှိပ်ပါ

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top