မြေပုံ၊ ဒီဇင်ဘာ ၈ ရက်
မုန်တိုင်းဒဏ်အများဆုံး ခံနေရတဲ့
မြေပုံမြို့နယ်တွင် ဆိုက်ကလုန်းချက်တာ (Cyclone Shelter) ၁၀ လုံး
တည်ဆောက်ရန် ပြည်ထောင်စု အစိုးရက ခွင့်ပြုထားပေးမယ့် ၁ နှစ်လျှင် ၂ လုံးကျ
တည်ဆောက်နေခြင်းမှာ သဘာဝဘေးဒဏ်မှ အမှန်တကယ် ကာကွယ်နိုင်ခြင်း မရှိကြောင်း
မြေပုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက RiA
ကို ပြောပါတယ်။
“ ဆိုက်ကလုန်းချက်တာတွေကတော့ ဆောက်နေတာပဲ။ ၁၀ လုံးတည်းနဲ့တော့ မလုံလောက်ဘူး။ ငမန်းရိပ်ကျွန်းတစ်ခုတည်းတောင် ၅ လုံးနီးပါးလောက် လိုအပ်နေတာ။ တခြား ကျွန်းတွေမှာ လိုအပ်ချက်တွေကလည်း ရှိနေတာပဲ။ ခုဟာက ၁ နှစ်မှာမှ ၂ လုံးကျ ဆောက်နေတာ ဆိုတော့ တကယ် သဘာဝဘေးဒဏ်ဖြစ်ပေါ်လာတဲ့အခါ နှစ်အလိုက်တည်ဆောက်တဲ့ စီမံကိန်းက ကောင်းကျိုးပေးလာနိုင်မှာ မဟုတ်ဘူး”
ရခိုင်ပြည်နယ်တွင် ဆိုက်ကလုန်းချက်တာတွေကို ပြည်နယ်အစိုးရ ရံပုံငွေနှင့် တည်းဆောက်ပေးနေရာတွင် ၂၀၁၄၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀ လုံး လျာထားချက်ရှိပြီး စစ်တွေတွင် ၄ လုံး၊ ပေါက်တောတွင် ၁ လုံး၊ မင်းပြားတွင် ၁ လုံး၊ မြေပုံတွင် ၂ လုံး၊ ကျောက်ဖြူတွင် ၁ လုံးနှင့် တောင်ကုတ်မြို့နယ်တွင် ၁ လုံး အသီးသီး တည်ဆောက်လျှက်ရှိကြောင်း သိရပါတယ်။
မြေပုံမြို့နယ်ဟာ ၂၀၁၀ ကာလတုန်းက ဂီရိမုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး၊ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင်း လူသေပျောက် များခဲ့ရတဲ့ မြို့နယ်တစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။
0 comments:
Post a Comment