Tuesday, December 1, 2015

ရခိုင်ဒေသ HIV ပိုး ပျံ့နှံ့မှုမှာ အခြားပြည်နယ်/တိုင်းဒေသကြီးများနှင့် တန်းတူရှိနေ (ရုပ်သံ)



စစ်တွေ၊ ဒီဇင်ဘာ ၁ ရက်

HIV ပိုးပျံ့နှံ့မှုဟာ ရခိုင်ပြည်နယ်မှာလည်း တခြားပြည်နယ်/တိုင်းဒေသကြီးများနည်းတူ ကူးစက်ပျံ့နှံ့မှု ရှိတယ်လို့ စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြည်နယ်ကျန်းမာရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သူရိန်က ဆိုပါတယ်။

ရောဂါပိုးကူးစက်ပျံ့နှံ့မှု အခြေအနေကြောင့် ရခိုင်ပြည်နယ်မှာ ART ဆေးသောက်သုံးနေရသူ ရောဂါသည် ဦးရေဟာ ၁၀၀၀ ကျော် ရှိနေပြီး အဲဒီအထဲမှာ ကလေးငယ် ခြောက်ဆယ်ခန့် ပါဝင်နေတယ်လို့လည်း ဦးအောင်သူရိန်က RiA ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
 
ART ဆေးတွေ အလွယ်တကူ ရရှိစေရန်အတွက် ရခိုင်ပြည်နယ်က မြို့နယ် အသီးသီးမှာလည်း ဆေးပေးစင်တာတွေ ဖွင့်လှစ်ထားတယ်လို့ သူက ဆိုပါတယ်။
 
အဲဒီအခမ်းအနားကို ပညာပေးစင်တင် တေးဂီတနှင့် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချူပ် ဦးမြအောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့က တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top