Thursday, December 3, 2015

သံတွဲမြို့တွင် လဝကနှင့် ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြမည်

သံတွဲ၊ ဒီဇင်ဘာ ၃ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မြို့နယ် လဝကဌာနနှင့်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲတွင် နိုင်ငံသား
မဟုတ်သူများကို ကမန်တိုင်းရင်းသားအဖြစ် မဲပေးခွင့် ပြုခဲ့တဲ့ကိစ္စနှင့် ပတ်သက်ပြီး စိစစ်ပေးရန် မနက်ဖြန် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရပါတယ်။


“အဓိက တောင်းဆိုသွားမှာက နိုင်ငံသား မဟုတ်သူတွေကို မေးပေးခွင့်ရအောင် ဆောင်ရွက်မှုပြုထားခဲ့တဲ့အတွက် တရားခံကို ဖော်ထုတ်ပေးပါ။ ရွေးကောက်ပွဲ ရလဒ်ကိုလည်း ပြန်ပြီးတော့ စိစစ်ပေးပါလို့ ဆိုတဲ့အချက်တွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ နေ့လည် ၁၂ နာရီက စတင်မှာပါ။ ” လို့ သံတွဲ လူမှုကွန်ရက် ဦးစိန်ချစ်က ပြောပါတယ်။

 ပြည်နယရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “ဆန္ဒပြဖို့ကိစ္စကိုတော့ ကျွန်တော်တို့မသိသေးပါဘူး။ မဲပေးတာက ဘင်္ဂလီရယ်၊ ဗမာရယ်လို့ မဟုတ်ပါဘူး။ နိုင်ငံသားဆိုရင် အကုန်လုံးက မဲပေးခွင့်ရှိပါတယ်။ အခုက ရွေးကောက်ပွဲလည်း ပြီးသွားပါပြီ။ နိုင်ငံသား ဟုတ်မဟုတ်ကိုလည်း သူတို့ ဘယ်သိမလဲ။ သံတွဲမှာက ကမန်နဲ့တွဲပြီး နေကြတာပါ။” လို့ ပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ် လူမှုကွန်ရက် အဖွဲ့ဝင် ဦးစိန်ချစ်က “ အခုဆန္ဒပြမှာက လဝကရော၊ ကော်မရှင်ရော နှစ်ခုစလုံးကို ပြမှာ ဖြစ်ပါတယ်။
လက်သည် တရားခံက လဝကလည်း ဖြစ်သွားနိုင်သလို မြို့နယ် ကော်မရှင်လည်း ဖြစ်သွားနိုင်ပါတယ်။ ကော်မရှင်ဥက္ကဌကိုလည်း
လဝက ဥပဒေနဲ့ စိစစ်ဖို့လိုအပ်ပါတယ်။ သူ့အဖေက ကုလားဖြစ်တယ်။” ဟု ဦးစိန်ချစ်က ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top