စစ်တွေ၊ ဒီဇင်ဘာ (၁)
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALP/ALA ရဲ့ ဒေသတွင်း လှုပ်ရှားမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာတယ်လို့ ယူဆရတာကြောင့် ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ALP/ALA တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်းက RiA ကို ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်အနေနဲ့ NCA သဘောတူညီချက်များကို မြို့နယ်အလိုက် ရှင်းလင်းပြောကြားမှုတွေ ပြုလုပ်နေရာတွင် ယူနီဖောင်းဝတ်ဆင်သွားလာခြင်း၊ အချူပ်အခြာအာဏာကို ထိခိုက်စေမယ့် အသုံးအနှုန်းတွေကို ထည့်သွင်းအသုံးပြုခဲ့ခြင်း စတဲ့ အကြောင်းပြချက်တွေနဲ့ မြောက်ဦး ခရိုင်ရဲမှူးက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ALP/ALA ကျောက်တော်မြို့နယ် ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး ခိုင်ရဲလင်းကို ပထမ တစ်ကြိမ် ခေါ်ယူသတိပေးပြောကြားခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ဗိုလ်မှူး ခိုင်ရဲလင်းကို ဒုတိယတစ်ကြိမ် ထပ်မံ ခေါ်ယူသတိပေးခဲ့တဲ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ALP/ALA ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းကို စစ်တွေမြို့နယ်ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်ဝန်ကြီးချူပ် ဦးဆောင်တဲ့ ထိပ်သီး ရခိုင်ပြည်နယ်အုပ်ချူပ်ရေးအဖွဲ့က တတိယအကြိမ် ခေါ်ယူ သတိပေးခဲ့ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောကြားခဲပါတယ်။
0 comments:
Post a Comment