ရခိုင်ပြည်နယ်လွှတ်တော်တွင် ဝန်ကြီးဌာနများအနေဖြင့်
လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုများအားတောင်းခံတဲ့အခါ စာအုပ်ထဲမှာ
ချရေးသလို မဖြေကြားဖို့ ယနေ့ ကျင်းပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်နောက်ဆုံးနေ့
အစည်းဝေးမှာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးထိန်လင်းက ပြောဆိုလိုက်ပါတယ်။
“သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဖြေကြားချက်က လွှတ်တော် ကိုယ်စားလှယ်များမေးတဲ့ မေးခွန်းအပေါ်မှာ လိုချင်တဲ့ အတိုင်းအတာ မရရှိသည့်တိုင်အောင် အဖြေတစ်ခုအဖြစ် အင်္ဂါရပ်နဲ့ ကိုက်ညီအောင် ဖြေသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅-၂၀၁၁၆ ဘဏ္ဍာနှစ် မပါတော့ဘူး ဆိုတာ လူတိုင်းသိနေတာပဲ။ သုံးလို့လည်း ကုန်တော့မယ်။ ဖြေရာမှာက ၁၆-၁၇ ဘဏ္ဍာရေးနှစ်ကို။ ရခိုင်ပြည်နယ် ဘဏ္ဍာငွေမှာတော့ ပါချင်ပါမယ်။ မပါရင် မပါဘူး။ ဒါကိုယ်ပိုင်တဲ့ အဖြေပဲ ဒီမေးခွန်းမေးတဲ့ အချိန်မှာတော့ ၁၆-၁၇ ဘဏ္ဍာကတော့ ရောက်သွားပြီ။ ဒါကြောင့် ခုဖြေဆိုတဲ့ အဖြေက စာအုပ်ထဲမှာ လာရေးခဲ့သလိုပဲ ပြတ်ပြတ်သားသားဖြေရာမှာပေါ့။”
ရခိုင်ပြည်နယ်လွှတ်တော်တွင် တောင်းဆိုမှုများအား လွှတ်တော် ကိုယ်စားလှယ်အသီးသီးကို RiA မှ တစ်ဦးချင်းစီ မေးမြန်းခဲ့ရာတွင် ဖြေဆိုသူအများစုမှာ မေးခွန်း အဆိုတင်သွင်းမှုကို ရှစ်ဆယ် ရာခိုင်နှုန်းနီးပါး တင်သွင်းခဲ့ကြပြီး၊ ဝန်ကြီးဌာနများမှာ ချပေးမှုတွင် ၄၀ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့ကြတယ်လို့ ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်ကို ငါးနှစ်တာကာလအတွင်း ရက်ပေါင်း ၁၅၈ ရက် ကျင်းပခဲ့ပြီး အစည်းဝေး ၁၇ ကြိမ်၊ အရေးပ်ါအစည်းဝေး သုံးကြိမ်၊ အထူးအရေးပေါ်အစည်းဝေး တစ်ကြိမ် ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
0 comments:
Post a Comment