Monday, December 7, 2015

ရန်ကုန်မြို့မှာ တွေ့ရှိခဲ့တဲ့ ရခိုင် ရှေးဟောင်းဘုရား (၅၇)ဆူအား ရောင်းဝယ် သယ်ယူသူများကို အရေးယူပေးရန် ပြည်နယ် အစိုးရဖွဲ့သို့ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်က မြောက်ဦးမြို့နယ်မှ သယ်ယူလာတဲ့ ရှေးဟောင်းဘုရား သယ်ယူသူတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စစ်ဆေး တွေ့ရှိခဲ့တဲ့သူတွေကို စုံစမ်းစစ်ဆေးနေတဲ့ ကာလမှာ ရက်ပေါင်း သုံးဆယ်ပြည့်တော့မှာ ဖြစ်ပြီး ရီမန်ကာလ မကုန်ဆုံးမည် အရေးယူပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်တယ်လို့ ရခိုင်ရှေးဟောင်း သမိုင်းသုတေသီလည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော် ဥပဒေရေးရာ အကြံပေး အဖွဲ့ဝင်လည်းဖြစ် ဒေါ်ခင်သန်းဝေ က တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။


“စစ်ဆေးနေတဲ့ သူတွေကို ရီမန်ပြည့်မှာက လေးရက်ပဲ လိုတော့တယ်လေ။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ပြဌာန်းထားတဲ့ ရှေးဟောင်း ယဉ်ကျေးမှု ဥပဒေအရဖြစ်စေ၊ အခြား အတည်ပြုပြဌာန်းလျှက်ရှိတဲ့ တည်ဆဲ ဥပဒေတွေနဲ့ ဖြစ်စေ အရေးယူဖို့ တိုက်တွန်းလိုက်တာပါ”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားတဲ့စာမှာ အမှုစစ်ရာမှာ ထွက်ဆိုတားတဲ့ ရှေးဟောင်းဘုရားဟုတ် မဟုတ်ဆိုတာကို ဘယ်လို နည်းပညာတွေနဲ့ စစ်ဆေးထားတာလဲ၊ အကယ်၍ ထွက်ဆိုမှုများ မမှန်ကန်ခဲ့ပါက အားပေးကူညီရာအဖြစ်မျိုး ဖြစ်နေတယ် လို့ သူက ဆိုပါတယ်။

“ ဘု၇ား၅၇ ဆူကို ၂၈ သိန်းနဲ့ ဝယ်ယူခဲ့ပြီး ပြန်လည်ရောင်းချရာမှာ ၄ ဆူကို သိန်းနှစ်ရာနဲ့ ပြန်လည်ရောင်းချခဲ့တယ်လို့ သိရတယ်။ ရှေးဟောင်း ဘုရားစစ်တယ်လို့လည်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယ ညွန်ကြားရေးမှုးချုပ် အငြိမ်းစား ဒေါ်နုမြဇံကလည်း ဆိုပါတယ်”

အဆိုပါ ဘုရားသယ်ယူ လာသူတွေထဲမှာ မြောက်ဦးမြို့နယ် ရှေးဟောင်း ယဉ်ကျေးမှုဌာနမှာ တာဝန်ရှိသူတစ်ဦးနှင့်လည်း ဆက်နွယ်သူများ ပါဝင်ပြီး၊ ဖမ်းမိထားတဲ့ သူတွေထဲမှာ ရဟန်းတော်တစ်ပါးပါရှိပြီး စမ်းချောင်းမြို့နယ် ရဲစခန်းတွင် (ပ) ၃၆၉/ ၂၀၁၅၊ ပြစ်မှု ပုဒ်မ - ၃၈၀ / ၅၄/ ၂၉၅ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top