ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက်
မာန်အောင်မြို့နယ်တွင် မာန်အောင်အများပိုင်ကုမ္ပဏီက ပထမဆုံးကြိမ်အဖြစ်
မြန်မာလေကြောင်းအား ငှားရမ်းကာ တစ်ပါတ်လျှင် နှစ်ကြိမ်အဖြစ်
ပြေးဆွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပြေးဆွဲမှုကို သောကြာနေ့နှင့် တနင်္လာနေ့များတွင် ပြေးဆွဲသွားမှာဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် လျာထားချက် ရှစ်သောင်း၊ ကိုးသောင်း နီးပါး ရှိနိုင်မယ်လို့ မာန်အောင်အများပိုင်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဖြူလုံးက RiA ကို ပြောပါတယ်။
“ခရီးသည် ဆယ်ဦး၊ ကိုးဦးကို မျှော်မှန်းပြီး ပြေးဆွဲတာပါ။ အသေးစိတ် တွက်ချမှုတွေတော့ မပြုလုပ်ရသေးဘူး။ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ စပြီး ပြေးဆွဲတော့မှာပါ။ ရာသီဥတု ဆိုးရွာရင်တော့ ရက်တွေကို ရွေ့ပြောင်းမှာပါ။”
မာန်အောင်မြို့နယ်တွင် လေကြောင်းလိုင်း ပြေးဆွဲမှုဟာ ရခိုင်ပြည်နယ်တွင် ၂၀၁၀-၂၀၁၅ အစိုးရ လက်ထက်တွင် ပထမဆုံး တိုးလာတဲ့ လေကြောင်း ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။
မာန်အောင်မြိုနယ်ဟာ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး၊ ရေကြောင်းခရီးတစ်ခုတည်းကိုသာ အားထားနေရတဲ့ မြို့တစ်ခုဖြစ်ကြောင်း သိရပါတယ်။
0 comments:
Post a Comment