Thursday, December 3, 2015

ရခိုင်ပြည်နယ် ဘဏ္ဍာငွေအသုံးစရိတ် တောင်းခံရာတွင် ရွှေသဘာဝဓာတ်ငွေ့မှ အကျိုးအမြတ်ရပိုင်ခွင့်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် တင်ပြ

စစ်တွေ၊ ပြည်နယ်လွှတ်တော်၊ ဒီဇင်ဘာ ၃ ရက်

ရခိုင်ပြည်နယ် ဘဏ္ဍာငွေ အသုံးစရိတ်အတွက် ပြည်ထောင်စုမှ တောင်းခံရာတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့မှ အကျိုးအမြတ် ရပိုင်ခွင့်များကိုပါ တောင်းခံသင့်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဒီဇင်ဘာ ၂ ရက်နေ့ ရခိုင်ပြည်နယ် လွှတ်တော် ပုံမှန် ၁၃ ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ပထမနေ့တွင် ပြောကြားလိုက်ပါတယ်။


ထိုသို့ တင်ပြတောင်းဆိုမှုမှာ ရခိုင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ပြည်နယ်မှူး ဦးခင်မောင်အေးက ၂၀၁၆-၂၀၁၇ ဘတ်ဂျက် တောင်းခံရာတွင် ပြည်နယ်ဝန်ကြီးဌာနများမှ ရရှိတဲ့ ၀င်ငွေနည်းပါးပြီး တောင်းခံငွေများပြားနေတာကြောင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ အနေနဲ့ ငွေပိုမိုရှာသင့်ကြောင်း ပြောကြားခဲ့မှုအပေါ် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 ၂၀၁၆-၂၀၁၇ ပြည်နယ်အသုံးစရိတ် တင်ပြတောင်းခံရမည့် ငွေပမာဏကို ဒီဇင်ဘာ ၇ ရက်နေ့မတိုင်မီ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်ကို နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပြီး ငွေအသုံးစရိတ် တင်ပြတောင်းခံမှုကို လျော့ပါးကြဖို့ အဆို တင်သွင်းနေကြမှုအပေါ် ဦးအောင်မြကျော်က ချေပအဆို တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top